- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဖဂန်တွင် တာလီဘန်များ ရာဇဝတ်သားအလောင်းကို လူမြင်ကွင်းတွင်ချိတ်ဆွဲ
တာလီဘန်များသည် ဝန်ချီစက်တစ်ခုပေါ်၌ လူသေအလောင်း တစ်လောင်းကို မြို့တော်ရင်ပြင်တွင် စနေ နေ့က ချိတ်ဆွဲထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် အတိတ်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ပြန်လည်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း တပ်လှန့်လိုက်သည့် မနှစ်မြို့ဖွယ်ရာ လုပ်ရပ်တစ်ခုဟုလည်း အေပီသတင်းက ဆိုသည်။
29 Sep 2021

DMG ၊ စက်တင်ဘာ ၂၉
တာလီဘန်များသည် ဝန်ချီစက်တစ်ခုပေါ်၌ လူသေအလောင်း တစ်လောင်းကို မြို့တော်ရင်ပြင်တွင် စနေ နေ့က ချိတ်ဆွဲထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါလုပ်ရပ်သည် အတိတ်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများကို ပြန်လည်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း တပ်လှန့်လိုက်သည့် မနှစ်မြို့ဖွယ်ရာ လုပ်ရပ်တစ်ခုဟုလည်း အေပီသတင်းက ဆိုသည်။
တာလီဘန်များသည် ဟာ့ထ်မြို့အနောက်ဖက်ရင်ပြင်သို့ မူလက လူသေအလောင်း လေးလောင်း သယ်လာခဲ့ပြီး သုံးလောင်းကို အခြားနေရာများတွင် အများပြည်သူကိုပြသရန် သယ်သွားခဲ့ကြောင်း ရင်ပြင်အနီးတွင် ဆေးဆိုင်ဖွင့်လှစ်ထားသည့် ဝါဇာအာမတ်ဆစ်ဒီချီက ပြောသည်။
စနေနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် ပြန်ပေးဆွဲမှုတစ်ခုအတွင်း ပါဝင်သည့်လူလေးဦးကို ရဲက ပစ်ခတ်ဖမ်းမိခဲ့ကြောင်း တာလီဘန်တာဝန်ရှိသူများက ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု ဆစ်ဒီချီကပြောသည်။
တာလီဘန်ခန့်ထားသော ဟာ့ထ်မြို့၏ခရိုင်ရဲချုပ် ဇီအူလက်ပ် ဂျလာလီက နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးနောက် သားအဖနှစ်ဦးကို ပြန်ပေးသမားလေးဦးလက်ထဲမှ တာလီဘန်များ ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ပြန်ပေးသမားများ ပစ်ခတ်မှုကြောင့် တာလီဘန်တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာခဲ့ကာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွင် ပြန်ပေးသမားများ သေဆုံးသွားကြောင်း တာလီဘန်မှ ခန့်ထားသော ဟာ့ထ်မြို့၏ ခရိုင်ရဲချုပ် ဇီအူလက်ပ် ဂျလာလီက ပြောကြားသည်။
အေပီသတင်းဌာနက ရရှိထားသည့် မှတ်တမ်းဗီဒီယိုတစ်ခုတွင် လူအုပ်ကြီးသည် ဝန်ချီစက်အနီးတွင် ဝိုင်းအုံကာ အလောင်းကို သူ့ထက်ငါ အလုအယက်ကြည့်နေကြပြီး အမျိုးသားအချို့မှာ အော်ဟစ်နေသည်ကို တွေ့ရသည်။
“ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ရာဇဝတ်မှုကျူးလွန်သူတွေအတွက် နေရာမရှိဘူးဆိုတာ သတိပေးချင်လို့ပဲ” ဟု အမည်ဖော်ပြမထားသည့် တာလီဘန်တပ်မှူးတစ်ဦးက မြို့တော်ရင်ပြင်တွင် တိုက်ရိုက်တင်ဆက်နေသည့် အင်တာဗျူးတစ်ခုတွင် အေပီသတင်းဌာနကို ဖြေကြားသည်။
တာလီဘန်များ သြဂုတ်လ ၁၅ ရက်နေ့တွင် ကာဘူးမြို့ကို ဝင်စီးခဲ့ပြီး နိုင်ငံကို အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ သည့်အချိန်မှစ၍ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် ၎င်းတို့အသုံးပြုခဲ့သည့် ပြင်းထန်ရက်စက်သော အပြစ်ပေး အရေးယူသည့်နည်းများကို ပြန်လည်အသုံးပြုမည်လော ဆိုသည်ကို အာဖဂန်နိုင်ငံသားများ နည်းတူ ကမ္ဘာတစ်ဝန်းလုံးက စောင့်ကြည့်လျက်ရှိကြသည်။
ထိုသို့အပြစ် ပေးမှုများထဲတွင် ရာဇဝတ်သားဟု စွပ်စွဲခံရသူများကို လူထုက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းနှင့် ခြေလက်အင်္ဂါများ ဖြတ်တောက်ခြင်းတို့ ပါဝင်ပြီး ပြစ်ဒဏ်ပေးမှုအချို့ကို အားကစားကွင်းတစ်ခုရှိ လူအုပ်ကြီးများ မျက်မှောက်တွင်ပင် ပြုလုပ်ခဲ့သည်။