- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေ အာဂျင်တီးနားတွင် အတည်ပြုပြဌာန်း
အာဂျင်တီးနားသည် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုသည့် လက်တစ်ဆုပ်စာ တောင်အမေရိကနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့ပြီ ဖြစ်သည်။
30 Dec 2020

အာဂျင်တီးနားသည် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုသည့် လက်တစ်ဆုပ်စာ တောင်အမေရိကနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့ပြီ ဖြစ်သည်။
ယခုအတည်ပြုချက်အား အာဂျင်တီးနားလွှတ်တော်တွင် နာရီပေါင်းများစွာကြာအောင် အချေအတင် ဆွေးနွေးခဲ့ကြပြီးမှ ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြဌာန်းလိုက်ခြင်းဖြစ်သည်။
လူဦးရေ ၄၄ သန်းရှိသည့် အာဂျင်တီးနားတွင် နှစ်စဉ် တရားမဝင်ကိုယ်ဝန်ဖျက်ချမှု သိန်းချီရှိသည်။ အန္တရာယ်များသော ဖျက်ချမှုများကို အဆုံးသတ်နိုင်ရေးအတွက် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကို ထောက်ခံသူများက အာဏာပိုင်များအား တိုက်တွန်းလာခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လွှတ်တော်အတွင်း ၁၂ နာရီထက်မနည်း အချေအတင် ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီဖြစ်ကြောင်း လွှတ်တော်သဘာပတိ ခရစ္စတီနာကာချ်နာက အေအက်ဖ်ပီသို့ ဖြေကြားသည်။
ဤဆုံးဖြတ်ချက်အား ထောက်ခံမဲ ၃၈၊ ကန့်ကွက်မဲ ၂၉ ဖြင့် အတည်ပြုခဲ့ပြီးနောက် ထောက်ခံသူ ထောင်ပေါင်းများစွာသည် မြို့တော်ရှိ လမ်းမများပေါ်တွင် အောင်ပွဲခံခဲ့ကြသည်။ ဤဥပဒေကို ၂၀၁၈ ခုနှစ်က တစ်ကြိမ်တင်သွင်းခဲ့သော်လည်း ၃၈ မဲ ၃၁ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။
တောင်အမေရိကတိုက်သည် ကမ္ဘာတစ်ဝန်းရှိ ကိုယ်ဝန်ဖျက်ချခွင့်ကို တင်းကြပ်စွာကန့်သတ်ထားသော နိုင်ငံများတွင် ပါဝင်ပြီး မုဒိမ်းနှင့် မိခင်အသက်အန္တရာယ် အခြေအနေ နှစ်မျိုးတွင်သာ ဖျက်ချခွင့်ပြုထားသည်။ ယခုဥပဒေအရ ကိုယ်ဝန်သက် ၁၄ ပတ်အထိ လွတ်လပ်စွာ ဆုံးဖြတ်ပြီး ဖျက်ချခွင့်ရှိမည်ဖြစ်သည်။