- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဆီယံအစည်းအဝေးသို့ ဝန်ကြီးဝဏ္ဏမောင်လွင်အစား နိုင်ငံရေးနှင့်မဆိုင်သည့် ကိုယ်စားလှယ်သာ ဖိတ်ကြား
ယခုလအတွင်း ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ စစ်တပ်ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
03 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၃
ယခုလအတွင်း ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ စစ်တပ်ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးအစား နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
အာဆီယံဘုံသဘောတူညီချက်ကို မြန်မာစစ်တပ်ဘက်က ဆောင်ရွက်ရေးတွင် တိုးတက်မှု မရှိသည့်အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် သဘောတူညီချက် မရသေးကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ချွန်ဆုန်နရီက ပြောသည်။
ကမ္ဘောဒီးယားသည် အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌဖြစ်ကာ အာဆီယံဝန်ကြီးများအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည်။
အာဆီယံအဖွဲ့ကြီးသည် ပြီးခဲ့သည်နှစ်တွင် အစည်းအဝေးများသို့ မြန်မာစစ်တပ်ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သော ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ အလည်သွားရောက်ခဲ့သလို မြန်မာသည်လည်း အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိကြောင်း ထုတ်ဖော်ပြောကြားမှုများ ရှိခဲ့သည်။
“လတ်တလောမှာတော့ အစည်းအဝေးမှာ မြန်မာနေရာကို အလွတ်ထားမယ့်အစား နိုင်ငံရေးနဲ့မဆိုင်တဲ့ အနေအထားတစ်ခုနဲ့ ကိုယ်စားလှယ်စေလွှတ်ပေးဖို့ ပြောကြားထားပါတယ်” ဟု ချွန်ဆုန်နရီက ရိုက်တာသတင်းဌာနသို့ ပြောသည်။ ကိုယ်စားလှယ်အဖြစ် မည်သူ့ကိုရွေးချယ်စေလွှတ်မည်မှာ မြန်မာဘက်က ဆုံးဖြတ်ရမည်ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပျက်နေခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာနေခြင်းတို့အပေါ် အထူးစိုးရိမ်မိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ကမ္ဘောဒီယားက ပြောကြားထားသည်။
“အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် သက်ဆိုင်ရာ အင်အားစုများအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက အထူးတိုက်တွန်းလိုသည်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။