- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင်များအား တရုတ်သို့ ဖိတ်ခေါပြီး စေ့စပ်ပေးမည်ဟုဆို
တရုတ်အစိုးရသည် အစ္စရေးနှင့် ပါလက်စတိုင်း အကြား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်အတွက် နှစ်ဘက်ခေါင်းဆောင်များအား ဖိတ်ကြားရန် စီစဉ်နေကြောင်း အယ်လ်အာရေဗီးယား ရုပ်သံလိုင်းက ကြေညာသည်။
24 Mar 2021

DMG ၊ မတ် ၂၅
တရုတ်အစိုးရသည် အစ္စရေးနှင့် ပါလက်စတိုင်း အကြား စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်အတွက် နှစ်ဘက်ခေါင်းဆောင်များအား ဖိတ်ကြားရန် စီစဉ်နေကြောင်း အယ်လ်အာရေဗီးယား ရုပ်သံလိုင်းက ကြေညာသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် တွေ့ဆုံမေးမြန်းချက် တစ်ခုမှ ကောက်နုတ်ကာ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသွားခြင်း ဖြစ်သည်။
တရုတ်သည် အမေရိကန်ပြည်ထောင်စု၏ လုပ်ဆောင်ချက်များအား အစားထိုး ဝင်ရောက်လုပ်ကိုင်သည့် သဘောဖြင့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ပဋိပက္ခ ပြေငြိမ်းရေးအတွက် အကြံပြုချက်များ ယခင်ကလည်း ကြားဝင် တင်ပြလေ့ရှိခဲ့သည်။
“ပါလက်စတိုင်းနဲ့ အစ္စရေး လူထုခေါင်းဆောင်တွေကို တရုတ်မှာ ဆွေးနွေးပွဲကျင်းပဖို့ ဖိတ်ကြားမှာပါ” ဟု ဝမ်ယီက ပြောကြောင်း အယ်လ်အာရေဗီးယား ရုပ်သံလိုင်းက ဖော်ပြသည်။
မည်သူတို့ကို အစိုးရကိုယ်စားလှယ်အဖြစ် ဖိတ်ကြားမည်ကိုမူ ဝမ်ယီက ရှင်းရှင်းလင်းလင်း ပြောကြားခြင်းမရှိပေ။
ယခုသီတင်းပတ်တွင် အရှေ့အလယ်ပိုင်းသို့ အလည်အပတ် ရောက်ရှိနေသည့် ဝန်ကြီးဝမ်ယီသည် ယီမင်တွင် စစ်ပွဲအဆုံးသတ်ရန် တနင်္လာနေ့က ကြေညာခဲ့သည့် ဆော်ဒီ၏ အစီအစဉ်ကိုလည်း ထောက်ခံပြောကြားသွားသည်။
ယီမင်ပြည်တွင်းစစ်ပြဿနာ အဖြေရှာရေးအတွက် ဆော်ဒီ၏ ကမ်းလှမ်းချက်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်ရန် ဝမ်ယီက ပြောကြားသည်။
ဆော်ဒီ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်၌ ယီမင်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရန်၊ ဟူသီသူပုန်တို့ ထိန်းချုပ်ထားသည့် လေယာဉ်ကွင်းနှင့် ရေကြောင်းသွားလာမှုများ ပြန်ဖွင့်ရန်တို့ ပါဝင်သည်။
သို့သော်လည်း အီရန်က အထောက်အပံ့ပေးထားသည့် ဟူသီသူပုန်များကမူ ဆော်ဒီ၏ ကမ်းလှမ်းချက်ကို ပယ်ချထားသည်။