- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အီသီယိုးပီးယားတွင် အတိုက်အခံခေါင်းဆောင် အများအပြား ပြန်လွတ်၊ ဆွေးနွေးမှုစတင်မည်ဟု အစိုးရပြော
အီသီယိုးပီးယားအာဏာပိုင်များသည် အကျဉ်းကျနေသော အတိုက်အခံခေါင်းဆောင် အများအပြားအား ပြန်လွှတ်ပေးလိုက်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားက သောကြာနေ့တွင် ကြေညာသွားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Jan 2022

အီသီယိုးပီးယားအာဏာပိုင်များသည် အကျဉ်းကျနေသော အတိုက်အခံခေါင်းဆောင် အများအပြားအား ပြန်လွှတ်ပေးလိုက်ကြောင်း အစိုးရပိုင် ရုပ်မြင်သံကြားက သောကြာနေ့တွင် ကြေညာသွားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြည်သူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည့် စစ်ပွဲကာလ ၁၄ လအကြာ၌ ယခုကဲ့သို့ ပြန်လွတ်လာကြခြင်း ဖြစ်ကာ နိုင်ငံရေးအတိုက်အခံများနှင့် ပြောဆိုဆွေးနွေးမှုများ စတင်ဆောင်ရွက်မည်ဟု အစိုးရက ပြောကြားကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
လွတ်မြောက်လာသူများတွင် လက်ရှိဗဟိုအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် တီဂရေးလူထုလွတ်မြောက်ရေးတပ်ဦး (TPLF) ၏ ခေါင်းဆောင်အချို့လည်း ပါဝင်သည်။
“ငြိမ်းချမ်းရေး ရေရှည်တည်တံ့ရေးအတွက် အဓိကသော့ချက်မှာ စကားဝိုင်းဆွေးနွေးမှုဖြစ်သည်” ဟု အစိုးရ၏ ပြန်ကြားရေးရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
“အောင်နိုင်သူတစ်ဦး၏ ကိုယ်ကျင့်တရားများအနက် တစ်ခုမှာ ညှာတာထောက်ထားမှုဖြစ်သည်” ဟု လည်း ကြေညာချက်တွင် ပါရှိသည်။
အာဖရိကတွင် ဒုတိယ လူဦးရေအထူထပ်ဆုံး ဖြစ်သည့် အီသီယိုးပီးယား၌ နိုင်ငံမြောက်ပိုင်း တီဂရေးဒေသတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ယခုကဲ့သို့ ဝါရင့်နိုင်ငံရေးသမားများ အပါအဝင် လူမျိုးစုခေါင်းဆောင် အများအပြား ပြန်လွတ်လာခြင်းသည် ထူးခြားသည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။