- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
သြစထရီးယားတွင် ကိုဗစ်ဆေး မထိုးရသေးသူများကို လော့ဒေါင်းစည်းကမ်းဖြင့် ကန့်သတ်
ကိုဗစ်ကူးစက်မှုများ မြင့်တက်လာနေချိန်တွင် ဥရောပနိုင်ငံများအကြား ပထမဆုံးအဖြစ် သြစထရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများကို လော့ဒေါင်းစည်းကမ်းနှင့် ကန့်သတ်လိုက်ပြီဖြစ်သလို အသက် ၅ နှစ်အထက် ကလေးများကိုလည်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံတော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Nov 2021
DMG ၊ နိုဝင်ဘာ ၂၀
ကိုဗစ်ကူးစက်မှုများ မြင့်တက်လာနေချိန်တွင် ဥရောပနိုင်ငံများအကြား ပထမဆုံးအဖြစ် သြစထရီးယားနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများကို လော့ဒေါင်းစည်းကမ်းနှင့် ကန့်သတ်လိုက်ပြီဖြစ်သလို အသက် ၅ နှစ်အထက် ကလေးများကိုလည်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံတော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကာကွယ်ဆေး မထိုးနှံသေးသူများအား ယခုကဲ့သို့ ကန့်သတ်လိုက်ခြင်းအပေါ် မကျေနပ်မှုများလည်း ရှိကာ တနင်္ဂနွေနေ့က ဗီယင်နာမြို့တွင် လူဦးရေ ရာဂဏန်းခန့် စုဝေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ခုဟာက ကျွန်မရဲ့ဘဝ ကျွန်မရဲ့ လွတ်လပ်ခွင့်ကို ချုပ်ချယ်လိုက်တာပဲ။ လူတွေခုထက်ပိုပြီး ဆန္ဒဖော်ပြကြဖို့အချိန် ရောက်နေပြီ” ဟု ဆန္ဒပြသူများထဲမှ အသက် ၄၉ နှစ်အရွယ် ဆာဘင်းက အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားသည်။
အစိုးရ၏ လုပ်ရပ်သည် “ခွဲခြားဆက်ဆံခြင်း” ဟုလည်း စွမ်းအင်ဆိုင်ရာအတိုင်ပင်ခံ တစ်ဦးဖြစ်သူ ဆာဘင်းက ဆိုသည်။
လော့ဒေါင်းစည်းကမ်း အကောင်အထည်ဖော်မှုကို တင်းကြပ်ရန်အတွက် ကင်းလှည့်ရဲများလည်း တိုးမြှင့်ချထားမည်ဟု သြစထရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဥရောပအနောက်ပိုင်းတွင် ကိုဗစ်ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာနေပြီး အစိုးရများသည် အရေးယူဆောင်ရွက်ရန် ဖိအားပေးခံနေရသည်။ နယ်သာလန်နိုင်ငံတွင် ဆိုလျှင် ဆောင်းရာသီကာလ၌ ဒေသတွင်း တစ်စိတ်တစ်ပိုင်း လော့ဒေါင်းစည်းကမ်းများ ချမှတ်ထားပြီ ဖြစ်သည်။
လူဦးရေ ၉ သန်းရှိသည့် သြစထရီးယား နိုင်ငံတွင် ၆၅ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သော်လည်း ဥရောပသမဂ္ဂနိုင်ငံများ၏ ပျမ်းမျှ ထိုးနှံနှုန်းဖြစ်သော ၆၇ ရာခိုင်နှုန်းထက် အနည်းငယ် လျော့နည်းနေသေးသည်။
ကာကွယ်ဆေးထိုးနှံမှုနှုန်းကို မြှင့်တင်သည့်အနေနှင့် အာဏာပိုင်များသည် အသက် ၅ နှစ်နှင့် ၁၁ နှစ်ကြား ကလေးငယ်များကိုလည်း ကိုဗစ်ဆေး စတင်ထိုးနှံတော့မည် ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
သြစထရီးယား၏ နေ့စဉ်ကူးစက်မှု ပမာဏသည် စက်တင်ဘာလအတွင်းက ၂၀၀၀ ခန့်ရှိခဲ့ရာမှာ ပြီးခဲ့သော သီတင်းပတ်များအတွင်း ၁၂၀၀၀ ခန့်ထိ မြင့်တက်နေခဲ့သည်။