- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နယ်စပ်ကာကွယ်ရာတွင် အင်အားတောင့်တင်းရန် တရုတ် ဥပဒေသစ်ပြဌာန်း
တရုတ်နှင့်အိန္ဒိယကြား မပြီးဆုံးနိုင်သေးသော လိပ်ခဲတည်းလည်း အခြေအနေ၊ တာလီဘန်ထိန်းချုပ်ထားသည့် အာဖဂနစ္စတန်အရေးနှင့် အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတို့၏ နောက်ဆက်တွဲသက်ရောက်မှုများကို စိုးရိမ်ပူပန် နေခြင်းတို့ကို ကာကွယ်သည့် အနေဖြင့် တရုတ်သည် နယ်စပ်ကို အင်အားကောင်းအောင် ကာကွယ်ရန် ဥပဒေတစ်ခုကို ပြဌာန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Oct 2021
DMG ၊ အောက်တိုဘာ ၂၈
တရုတ်နှင့်အိန္ဒိယကြား မပြီးဆုံးနိုင်သေးသော လိပ်ခဲတည်းလည်း အခြေအနေ၊ တာလီဘန်ထိန်းချုပ်ထားသည့် အာဖဂနစ္စတန်အရေးနှင့် အရှေ့တောင်အာရှတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတို့၏ နောက်ဆက်တွဲသက်ရောက်မှုများကို စိုးရိမ်ပူပန် နေခြင်းတို့ကို ကာကွယ်သည့် အနေဖြင့် တရုတ်သည် နယ်စပ်ကို အင်အားကောင်းအောင် ကာကွယ်ရန် ဥပဒေတစ်ခုကို ပြဌာန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုဥပဒေသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သော်လည်း နယ်စပ်ဒေသဥပဒေကြောင့် နယ်စပ်လုံခြုံရေး ကိုင်တွယ်ဆောင်ရွက်မှုများ ပြောင်းလဲသွားမည်မဟုတ်ပေ။ ယင်းသို့ ဥပဒေပြဌာန်းလိုက် ခြင်းသည် တရုတ်၏ ၎င်း၏ နယ်ခြားဒေသကို စီမံအုပ်ချုပ်နိုင်သည့် စွမ်းရည်အပေါ် ယုံကြည်မှုများတိုးပွားလာခြင်းကို ပြနေသည်။
တရုတ်သည် သြဂုတ်လတွင် တာလီဘန်တို့ အာဏာပြန်ရသည့် အိမ်နီးချင်းအာဖဂန်ကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်ရှင်းကျန်းဒေသတွင် မူဆလင်ဝီဂါမျိုးနွယ်စုများနှင့် ချိတ်ဆက်ရန် ဒုက္ခသည်များ သို့မဟုတ် အစ္စလာမစ်အစွန်းရောက်များ စီးဝင်လာမှုကို ကာကွယ်ရန်ရည်ရွယ်ခြင်းဖြစ်သည်။
ဟိမဝန္တာနယ်ခြားဒေသတွင် ၂၀၂၀ ပြည့်နှစ် ဧပြီလကတည်းက တရုတ်စစ်သားများသည် အိန္ဒိယ တပ်စုများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ခဲ့သည်။
တရုတ်တောင်ပိုင်းပြည်နယ်များ ဖြစ်သည့် ယူနန်နှင့် ကွမ်ရှီးပြည်နယ်များတွင် ယခုနှစ်အတွင်း မြန်မာနှင့် ဗီယက်နမ်တို့မှ တရားမဝင်ဖြတ်ကျော်မှုများကြောင့် ရောဂါကူးစက်မှုများ တရှိန်ထိုးတက်လာရာ နယ်စပ် တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဝင်ရောက်မှုမရှိစေရေး ကြိုးပမ်းရာတွင် ထိခိုက်နစ်နာမှု အများအပြားလည်း ကြုံတွေ့ခဲ့ရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် နိုင်ငံ ၁၄ နိုင်ငံနှင့် ထိစပ်ကာ ၂၂,၀၀၀ ကီလိုမီတာ (၁၄,၀၀၀ မိုင်) ရှည်လျားသော နယ်စပ်ဒေသတစ်လျှောက်ကို ကာကွယ်ရန်နှင့် စီမံအုပ်ချုပ်နိုင်ရန် ဥပဒေတစ်ခု ပြဌာန်းခြင်းသည် ပြီးခဲ့သည့် ရ၂ နှစ်အတွင်း ပထမဆုံးဖြစ်သည်။ နယ်စပ်ထိစပ်နေသည့် နိုင်ငံများတွင် ယခင်အင်အားကြီး နိုင်ငံဖြစ်သည့် ရုရှားနှင့် နျူကလီးယားလက်နက် ပိုင်ထားသည့် မြောက်ကိုရီးယားနိုင်ငံတို့လည်း ပါဝင်သည်။
မိမိတို့သည် “နိုင်ငံပိုင်ကုန်းမြေဧရိယာ အချုပ်အခြာအာဏာနှင့် နယ်စပ်ဒေသလုံခြုံရေးကို ပြတ်ပြတ်သားသား ကာကွယ်ရန် ထိရောက်သည့် နည်းလမ်းများဆောင်ရွက်” သွားမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် ဖော်ပြထားသည်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် ပြည်သူ့လက်နက်ကိုင် ရဲတပ်ဖွဲ့များဖြစ်သည့် တရုတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် နယ်စပ်ဒေသတွင် မည်သို့သော “ကျူးကျော်ခြင်း၊ ထိပါးခြင်း၊ ထိုးဖောက် ဝင်ရောက်ခြင်းနှင့် ရန်စခြင်း” ကိုမဆို စောင့်ရှောက်ကာကွယ်ရမည့် တာဝန်ရှိသည်။
နယ်စပ်အနီးတွင် စစ်ပွဲတစ်ပွဲ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခတို့ ဖြစ်ပွားကာ နယ်စပ်လုံခြုံရေးကို ထိခိုက်လာနိုင်သည့်အခြေအနေမျိုး ကြုံခဲ့ရလျှင် တရုတ်အနေဖြင့် နယ်စပ်ကို ပိတ်သိမ်းနိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။