- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဗြိတိန်ဝန်ကြီးချုပ် ကိုရိုနာကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။
27 Mar 2020

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း ရောဂါလက္ခဏာအချို့ ပေါ်ပေါက်ခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဝန်ကြီးက တွစ်တာလူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုဖိုင်တင်ပြီး ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ သီးခြားခွဲနေထိုင်လျက်ရှိသော်လည်း လုပ်ငန်းတာဝန်များအား ဗီဒီယိုကွန်ဖရင့်ဖြင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ပြောကြားသည်။
ဝန်ကြီးသည် ကြာသပတေးနေ့တွင် ရောဂါလက္ခဏအချို့ စတင်ခံစားရပြီးနောက်တွင် စစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့လျှင် သူ့နေရာအား နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ်က ယာယီဝင်ရောက်တာဝန်ယူမည်ဟု အစိုးရအဖွဲ့က အတည်ပြုထားသည်။
ယခုသီတင်းပတ်အစောပိုင်းကလည်း ဒုတိယအဲလိဇဘက်ဘုရင်မကြီး၏ အကြီးဆုံးသားတော် ချားလ်မင်းသားသည် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ဗြိတိန်တွင် ကြာသပတေးနေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၁၁၆၅၈ ဦးရှိပြီး သေဆုံးသူ ၅၇၈ ဦးရှိသွားပြီဖြစ်ကောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းရှိ ၁၉၉ နိုင်ငံတွင် မတ်လ ၂၇ ရက် သောကြာနေ့ညပိုင်းအထိ ကူးစက်ခံထားရသူ လေးသိန်းခွဲ၊ သေဆုံးသူ ၂၁၀၀၀ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် -
■ ပဋိပက္ခဒေသများ၌ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး ဆောင်ရွက်ချက်များ ထိရောက်မည်မဟုတ်
■ ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်၊ တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ
■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ