- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဘရက်ဇစ်ဆွေးနွေးပွဲ အထစ်အငေါ့ဖြစ်နေချိန် ဗီတိုအာဏာသုံးမည်ဟု ပြင်သစ် ခြိမ်းခြောက်
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်သည့် ဘရက်ဇစ်ကာလ နောက်ပိုင်းဖြစ်လာမည့် နှစ်ဖက် ကုန်သွယ်မှုသဘောတူညီချက်အပေါ် ဥရောပက စိုးရိမ်လာခြင်းသည် သောကြာနေ့တွင် ပိုမိုအရှိန်မြင့် တက်လာခဲ့သည်။ နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက် မည်သို့ဖြစ်လာမည်ကို မသိရသေးခင် ဆွေးနွေးမှုများ ပြင်းထန်လာချိန်တွင် ပြင်သစ်သည် ဗီတိုအာဏာကိုပင် လက်ကိုင်ထား စိန်ခေါ်လာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Dec 2020
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်သည့် ဘရက်ဇစ်ကာလ နောက်ပိုင်းဖြစ်လာမည့် နှစ်ဖက် ကုန်သွယ်မှုသဘောတူညီချက်အပေါ် ဥရောပက စိုးရိမ်လာခြင်းသည် သောကြာနေ့တွင် ပိုမိုအရှိန်မြင့် တက်လာခဲ့သည်။ နောက်ဆုံးအပြီးသတ်ဆုံးဖြတ်ချက် မည်သို့ဖြစ်လာမည်ကို မသိရသေးခင် ဆွေးနွေးမှုများ ပြင်းထန်လာချိန်တွင် ပြင်သစ်သည် ဗီတိုအာဏာကိုပင် လက်ကိုင်ထား စိန်ခေါ်လာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အီးယူနှင့် ယူကေညှိနှိုင်းရေးမှူးများဖြစ်ကြသည့် မိုက်ကယ် ဘာနီယာနှင့် ဒေးဗစ်ဖရော့ တို့သည်လည်း နှစ်ဖက်အကြား ငါးဖမ်းခွင့်များ၊ မျှတသောကုန်သွယ်ရေးစည်းမျဉ်းများနှင့် မည်သည့် သဘောတူညီချက် ကိုမဆို စီမံကွပ်ကဲမည့် လုပ်ထုံးလုပ်နည်းများစသော အကြောင်းအရာခွဲများနှင့် စပ်လျဉ်းသည့် နောက်ဆုံးအကြိမ် ကျင်းပသည့် စကားစစ် ထိုးပွဲများတွင် အကြပ်အတည်း ရင်ဆိုင်နေရသည်။
သို့သော်လည်း ယခုနှစ်မကုန်ခင် ဆွေးနွေးပွဲသဘောတူညီချက်များအား ပြင်ဆင်မည်ဆိုလျှင် အပြီးသတ်ရမည့်အချိန် နီးကပ်လာပြီဖြစ်ပြီး အီးယူ ဘုံဈေးကွက်မှ ဗြိတိန် နုတ်ထွက်ရန်မှာလည်း နီးကပ်လာပြီဖြစ်သည်။ အီးယူငွေကြေးဈေးကွက်မှာလည်း ဤအခြေအနေကို ထိတ်လန့်လာနေပြီဖြစ်သည်။
“အဆင်မပြေတဲ့အချက် တစ်ခုခုပါလာရင်တော့ ကျွန်တော်တို့ ကန့်ကွက်မှာပဲ” ဟု ဥရောပရေးရာ ပြင်သစ်ဝန်ကြီး Clement Beaune က Europe 1 ရေဒီယိုကို ဖြေကြားခဲ့ပြီး နိုင်ငံတိုင်းသည် ဗီတိုအာဏာသုံးခွင့်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဥရောပ သံအမတ်တစ်ဦးက ဘယ်ဂျီယံ၊ နယ်သာလန်၊ စပိန်နှင့် ဒိန်းမတ်နိုင်ငံတို့သည် သဘောတူညီ ချက်ကို အဆုံးသတ်ရန် အလျင်အမြန်ဆောင်ရွက်နေခြင်းအပေါ် ပြင်သစ်၏ စိုးရိမ်ပူပန်မှုကို နားလည် ကြပြီး ယူကေနှင့်ညှိနှိုင်းရာတွင် အီးယူ ညှိနှိုင်း ရေးမှူး ဘာနီယာသည် မျှတသော ကုန်သွယ်မှု ယှဉ်ပြိုင် ရေးဆက်ထိန်းနိုင်ရေး စည်းမျဉ်းများ သတ်မှတ်ရာ၌ လန်ဒန်ကို အခြေအနေများစွာ ဖန်တီးခွင့် ပေးလိုက်မိမည်ကို စိုးရိမ်နေကြကြောင်း အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကတော့ မမျှတတဲ့ဆက်ဆံရေးတစ်ခုနဲ့ ရှေ့လာမယ့် ဆယ်စုနှစ်တွေအထိ အကြပ်ရိုက် နေရမှာကို မလိုချင်ဘူး” ဟု သူကဆိုသည်။
“ကျွန်တော်တို့ရဲ့ကုမ္ပဏီတွေကို စည်းမျဉ်းတင်းကြပ်မှုပိုနည်းတဲ့ ဝန်းကျင်က လုပ်ရည်ကိုင်ရည် ကောင်းတဲ့ ဗြိတိသျှကော်ပိုရိတ်တွေနဲ့ယှဉ်ဖို့ သူတို့ရဲ့ဈေးကွက်ထဲမှာ ဈေးပြိုင်လျှော့ရမယ် ဆိုတဲ့ အကြောင်းကိုတော့ ကျွန်တော်တို့ ရှင်းပြဖို့ ဆန္ဒမရှိဘူး” ဟုလည်း ပြောကြားခဲ့သည်။