- နခခ ၅ ကို ဆက်လက်ခုခံနိုင်ရန် လေကြောင်းဖြင့် ရိက္ခာဖြည့်ပေးနေ
- အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်
- DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
- စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့
- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
ကမ္ဘာကျော် ကာနီဗယ်ပွဲတော် ကိုဗစ်ကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနဲရိုး ကမ်းခြေမြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ကာနီဗယ်ပွဲတော်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲတော်ကျင်းပရေး တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
25 Sep 2020
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနဲရိုး ကမ်းခြေမြို့တွင် ကျင်းပရန်စီစဉ်ထားသည့် ကာနီဗယ်ပွဲတော်အား ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ပွဲတော်ကျင်းပရေး တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
ကမ္ဘာကျော် ရီယိုကာနီဗယ်ပွဲတော်အား လာမည့် ၂၀၂၁ ဖေဖော်ဝါရီလတွင် ကျင်းပရန်စီစဉ်ထားရှိသော်လည်း ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ အလွန်အမင်း မြင့်တက်လျက်ရှိနေသေးသဖြင့် ပွဲတော်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
ရီယိုတွင်ကျင်းပသည့် ဤပွဲတော်သည် ကမ္ဘာ့အကြီးဆုံး ကာနီဗယ်ပွဲတော်ဖြစ်သည်။ ပွဲတော်အတွင်း ဧရာမလူအုပ်ကြီးသည် ကခုသီဆိုတီးမှုတ်ကာ လှည့်လည်ပြီး မြို့တော်၏ အထင်ကရ Sambadrome နေရာသို့ ချီတက်ကြသည်။ ပွဲတော်ကာလအတွင်း ဘရာဇီးနိုင်ငံတွင်းအပါအဝင် ကမ္ဘာတစ်ဝန်းမှ လူသန်းချီ လာရောက်ဆင်နွဲလေ့ ရှိကြသည်။
မြို့တော်ရှိ အထင်ကရ ဆမ်ဘာသင်တန်းကျောင်းများသည် ဤပွဲတော်အတွက် တစ်နှစ်ပတ်လုံး ကြိုတင်ပြင်ဆင်လေ့ရှိသည်။
“ပွဲတော်ကို ဖျက်သိမ်းလိုက်ခြင်းမဟုတ်ပါဘူး။ ရွှေ့ဆိုင်းခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံစွာကျင်းပနိုင်မယ့် တစ်ခြားနည်းလမ်းတစ်ခုခု ရှာနေပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ကျင်းပမလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။” ဟု ပွဲတော်ကျင်းပရေးအဖွဲ့ ဥက္ကဌ ဟိုဆေး ကာစတန်အဲရားက သတင်းထောက်များကို ပြောကြားသည်။
ဘရာဇီးတွင် ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၄၀,၀၀၀ ရှိပြီး ကူးစက်မှုစုစုပေါင်းမှာ ၄.၇ သန်းရှိသည်။
ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၃၂ သန်းကျော်သွားပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းမှာ ၉၈၀,၀၀၀ ဝန်းကျင်ရှိသည်။