- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အာကာသစခန်း အမှုထမ်းသစ်များ လာမည့်ဇွန်လတွင် တရုတ် စေလွှတ်မည်
ဂြိုဟ်ပတ်လမ်းထဲတွင် ခြောက်လကြာနေထိုင်ခဲ့သော နောက်ဆုံးအာကာသအမှုထမ်း ပြန်လည်ရောက်ရှိခဲ့ပြီးနောက် နောက်ထပ်အာကာသစခန်းအမှုထမ်း အသစ်သုံးဦးကို ၎င်း၏နောက်ဆုံး အာကာသစခန်းအသစ်သို့ ဇွန်လတွင် စေလွှတ်မည်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။
19 Apr 2022
DMG ၊ ဧပြီ ၁၉
ဂြိုဟ်ပတ်လမ်းထဲတွင် ခြောက်လကြာနေထိုင်ခဲ့သော နောက်ဆုံးအာကာသအမှုထမ်း ပြန်လည်ရောက်ရှိခဲ့ပြီးနောက် နောက်ထပ်အာကာသစခန်းအမှုထမ်း အသစ်သုံးဦးကို ၎င်း၏နောက်ဆုံး အာကာသစခန်းအသစ်သို့ ဇွန်လတွင် စေလွှတ်မည်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူတစ်ဦးက ဧပြီ ၁၇ ရက်တွင် ပြောကြားသည်။
ရှန်ကျိုး-၁၄၏ အမှုထမ်းများသည် ယာဉ်အစိတ်အပိုင်း ၂ ခုထပ်မံတပ်ဆင်ရန်အတွက် ထျန်းကုန်းအာကာသစခန်းတွင် ခြောက်လခန့်နေကြရမည်ဟု တရုတ်အာကာသအင်ဂျင်နီယာရုံးမှ ဒါရိုက်တာ ဟောင်ချွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော အာကာသအစီအစဉ်သည် ၎င်း၏ ပထမဆုံး အာကာသယာဉ်မှူးအား ၂၀၀၃ ခုနှစ်တွင် ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လပေါ်နှင့် ပြီးခဲ့သောနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လှည့်လည်သွားလာသောစက်ရုပ်များကို ဆင်းသက်စေနိုင်ခဲ့သည်။ တာဝန်ရှိသူများသည် လပေါ်သို့ လူများလိုက်ပါရန် ဖြစ်နိုင်ခြေကို ဆွေးနွေးလျက်ရှိသည်။
ထျန်းကုန်း (သို့) ကောင်းကင်နန်းတော် ဟု အမည်ပေးထားသည့် အာကာသစခန်း၏ ပင်မယာဉ်အစိတ်အပိုင်းကို ၂၀၂၁ ခုနှစ် ဧပြီလတွင် စတင်လွှတ်တင်ခဲ့သည်။ စီမံချက်များအရ တည်ဆောက်ခြင်းကို ယခုနှစ်တွင် အပြီးသတ်ရန် စီစဉ်ထားသည်။ ဝမ်ထျန်း ယာဉ်အစိတ်အပိုင်းကို ဇူလိုင်လတွင် စတင်လွှတ်တင်မည်ဖြစ်ပြီး မန်ထျန်း ယာဉ်အစိတ်အပိုင်းကို အောက်တိုဘာလတွင် စတင်လွှတ်တင်မည်ဖြစ်ကြောင်း ဒါရိုက်တာက ပြောကြားခဲ့သည်။
ရှန်ကျိုး-၁၃ အမှုထမ်းများသည် မွန်ဂိုလီးယားအတွင်းပိုင်း၏ မြောက်ပိုင်းဒေသရှိ ဂိုဘီသဲကန္တာရတွင် စနေနေ့တွင် ဆင်းသက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း အာကာသယာဉ်မှူး ဝမ်ရာပင်သည် တရုတ်လူမျိုးအမျိုးသမီးတစ်ဦး၏ ပထမဆုံးအာကာသလမ်းလျှောက်ခြင်းကို လုပ်ဆောင်ခဲ့သည်။ အာကာသယာဉ်မှူး ဝမ်ရာပင်၊ အရာရှိ ကြိုင်ကျီကန်း နှင့် အမှုထမ်း ယဲ့ကွမ်းဖူတို့သည် အထက်တန်းကျောင်းသားများအတွက် ရူပဗေဒသင်ခန်းစာများကိုပါ ထုတ်လွှင့်ပေးခဲ့ကြသည်။
တရုတ်နိုင်ငံသည် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြီးလျှင် အာကာသထဲသို့ အာကာသယာဉ်မှူးတစ်ဦးကို ကိုယ်တိုင်လွှတ်တင်နိုင်ခဲ့သည့် တတိယမြောက်နိုင်ငံဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်များတွင် ယခင်အာကာသစခန်းများကို လွှတ်တင်ခဲ့ပြီးနောက် ထျန်းကုန်းအာကာသစခန်းသည် တရုတ်နိုင်ငံ၏ တတိယမြောက် လွှတ်တင်ခဲ့သော အာကာသစခန်းဖြစ်သည်။
တရုတ်၏ ပထမဆုံး ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ်သည် စမ်းသပ်ပျံသန်းပြီးနောက် ပြန်လည်ဆင်းသက်နိုင်ခဲ့ကြောင်းကို အစိုးရက ၂၀၂၀ ခုနှစ်တွင် ကြေညာခဲ့သော်လည်း ဓာတ်ပုံ သို့မဟုတ် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်ကို အာဏာရ ကွန်မြူနစ်ပါတီ၏ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဦးစီးလုပ်ဆောင်သည်ကို အမေရိကန်၏ ဘဝင်မကျမှုကြောင့် တရုတ်နိုင်ငံသည် နိုင်ငံတကာ အာကာသစခန်းမှ ထုတ်ပယ်ခံထားရသည်။