- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာ့အရေး ကိုင်တွယ်ပုံမှားလျှင် ပြည်တွင်းစစ်ထိ ဦးတည်သွားနိုင်ဟု ကုလတရုတ်သံအမတ်ပြော
အကြမ်းဖက်မှုများ ဆက်ရှိနေပါက နိုင်ငံ၏အခြေအနေသည် ပရမ်းပတာဖြစ်သွားနိုင်ပြီး ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ကျန်ယန်းက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ထိပ်တိုက်တွေ့မှုများ ပြေလည်စေရေးအတွက် ပိုမိုထိရောက်သည့် သံတမန်နည်းလမ်းများဖြင့် အားထုတ်ဆောင်ရွက်ကြရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။
05 May 2021
DMG ၊ မေ ၅
အကြမ်းဖက်မှုများ ဆက်ရှိနေပါက နိုင်ငံ၏အခြေအနေသည် ပရမ်းပတာဖြစ်သွားနိုင်ပြီး ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ကျန်ယန်းက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ ထိပ်တိုက်တွေ့မှုများ ပြေလည်စေရေးအတွက် ပိုမိုထိရောက်သည့် သံတမန်နည်းလမ်းများဖြင့် အားထုတ်ဆောင်ရွက်ကြရန်လည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။
မြန်မာ့အရေးအား ကိုင်တွယ်ဖြေရှင်းမှု လွဲချော်ခဲ့မည်ဆိုပါက တင်းမာမှုများ ထပ်မံမြင့်တက်ကောင်း မြင့်တက်လာမည်ဟုလည်း ကျန်ယန်းက သတိပေးခဲ့သည်။
သောကြာနေ့တွင် ကျင်းပသည့် ကုလလုံခြုံရေးကောင်စီ၏ မြန်မာအရေး တံခါးပိတ်ဆွေးနွေးပွဲသည် အာဆီယံအဖွဲ့ကြီး၏ တောင်းဆိုချက်များကို အပြည့်အဝ ထောက်ခံထားသည်။
အာဆီယံအဖွဲ့သည် မြန်မာ့အရေး အဖြေရှာရန် ပထမဆုံးခြေလှမ်းအဖြစ် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ကြရန် တောင်းဆိုထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုထားသည်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများအား အကြမ်းဖက် နှိမ်နင်းခြင်းနှင့် လူရာပေါင်းများစွာ သေဆုံးရခြင်းတို့အတွက်လည်း ကုလ လုံခြုံရေးကောင်စီက ရှုတ်ချထားသည်။
မြန်မာအား ‘နှစ်လိုဖွယ်အိမ်နီးချင်း’ အဖြစ် ရည်ညွှန်းခဲ့သည့် တရုတ်သံအမတ်သည် အာဆီယံ၏ သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းရှာရနာဘာဂျီနာ တို့၏ လုပ်ဆောင်ချက်များအား အထူးထောက်ခံပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားသူ ဖြစ်သည်။ အရေးယူဒဏ်ခတ်မှုများအား တရုတ်က မလိုလားကြောင်းလည်း သူက ပြောသည်။