- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကိုရိုနာဗိုင်းရပ်စ်သစ် သေဆုံးသူ ၈၀၀ ကျော်ဖြင့် ဆားစ်ကို ကျော်တက်
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအရေအတွက်သည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ၈၁၁ ဦးရှိသွားပြီဖြစ်သဖြင့် ၂၀၀၂-၀၃ ခုနှစ်က ကူးစက်ပျံ့နှံ့ခဲ့သည့် ဆားစ်ရောဂါကြောင့် သေဆုံးမှုအရေအတွက်ကို ကျော်လွန်သွားပြီဖြစ်သည်။
09 Feb 2020
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအရေအတွက်သည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ၈၁၃ ဦးရှိသွားပြီဖြစ်သဖြင့် ဆားစ်ရောဂါကြောင့် သေဆုံးမှုအရေအတွက်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၂၀၀၂-၀၃ ခုနှစ်က ကူးစက်ပျံ့နှံ့ခဲ့သည့် ဆားစ်ရောဂါကြောင့် ကမ္ဘာတဝန်း ၁၇ နိုင်ငံ၌ ကူးစက်ခံရသူ ၈၀၀၀ နီးပါး၊ သေဆုံးသူ ၇၇၄ ဦး ရှိခဲ့သည်။
သေဆုံးသူမြင့်တက်လာသော်လည်း အခြားနိုင်ငံများကပါ ရောဂါကိုထိန်းချုပ်ရန် အင်တိုက်အားတိုက် ကြိုးပမ်းမှုများကြောင့် ရောဂါထပ်မံဖြစ်ပွားသည့် အရေအတွက်မှာ လျော့ကျလာသဖြင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နှေးကွေးလာသည့်သဘော ဖြစ်နိုင်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
နောက်ဆုံး ရရှိထားသော အချက်အလက်များအရ စနေနေ့ညဉ့်အထိ ၂၄ နာရီအတွင်း ထပ်မံကူးစက်ခံထားရသူ ၂၆၅၆ ဦးရှိပြီး သူ့ရှေ့ ၂၄ နာရီအတွင်း ကူးစက်ခံထားရသူ ၃၃၉၉ ဦး ရှိခဲ့သဖြင့် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည့်သဘော ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကမူ လွန်ခဲ့သောလေးရက်အတွင်း ဟူဘေဒေသတွင် တည်ငြိမ်မှုအချို့ တွေ့မြင်ရကြောင်း၊ သို့သော်လည်း သေဆုံးသူအရေအတွက်မူ မြင့်တက်လာနိုင်ခြေ ရှိနေသေးကြောင်း သတိပေးထားသည်။
ဗိုင်းရပ်စ်ထိန်းချုပ်မှုသာ ထိရောက်မည်ဆိုပါက ကူးစက်မှုနှုန်းသည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အံ့သြဖွယ်ကျဆင်းမှု ရှိနိုင်ကြောင်း ဒေါက်တာအီယန်လစ်ပ်ကင်က ပြောကြားသည်။ ဒေါက်တာအီယန်လစ်ပ်ကင်သည် ကိုလံဘီယာတက္ကသိုလ်မှ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆာစ်ရောဂါ ဖြစ်ပွားစဉ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့ကို အကူအညီများ ပေးခဲ့သူဖြစ်သည်။
ပိုမိုပူနွေးလာသော ရာသီဥတုကလည်း ဗိုင်းရပ်စ်ပြန့်ပွားမှုကို လျော့နည်းသွားစေလိမ့်မည်ဟု ဒေါက်တာအီယန်က ပြောကြားသည်။
၂၀၁၉ ဒီဇင်ဘာလအတွင်း ဟူဘေခရိုင် ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ် အမျိုးအစားသစ်ကြောင့် တရုတ်ပြည်တွင် လက်ရှိအချိန်အထိ ကူးစက်ခံထားရသူ ၃၇၂၀၀ ဦးနီးပါး ရှိသွားပြီဖြစ်သည်။
ဆက်စပ်သတင်းများ -
■ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း
■ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအား အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ