- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အိန္ဒိယတွင် ကိုဗစ်ကြောင့် သေဆုံးသူ နှစ်သိန်းကျော်ပြီ
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောက်မက်ဖွယ်ရာ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီလ ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် ၂ သိန်းကျော်သွားပြီ ဖြစ်သည်။
29 Apr 2021
DMG ၊ ဧပြီ ၂၉
ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြောက်မက်ဖွယ်ရာ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီလ ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် ၂ သိန်းကျော်သွားပြီ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံအချို့၌ ကူးစက်မှု ကျဆင်းလာသဖြင့် နေ့စဉ်လုပ်ငန်းများအား ပုံမှန်အနေအထားဖြင့် စမ်းသပ် လည်ပတ်နေကြချိန်၌ အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှုမှာ မတရား မြင့်တက်လျက်ရှိသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၃ ထောင်ကျော်ရှိပြီး ကူးစက်မှုစုစုပေါင်းမှာ ၃ သိန်း ၆ သောင်းခန့် ရှိခဲ့သည်။
မြို့တော်နယူးဒေလီ၌ သေဆုံးသူများအား ယာဉ်ရပ်နားရာ နေရာများတွင် မီးသဂြိုဟ်နေရပြီး အလောင်းများ ပိုမိုတိုးပွားလာနေသဖြင့် ထင်းမီး မလုံလောက်မှုများလည်း ကြုံနေရပြီ ဖြစ်သည်။
လူနာများနှင့် သူတို့၏ မိသားစုဝင်များသည် ဆေးရုံများသို့ ကား၊ ဆိုင်ကယ်၊ လူနာတင်ယာဉ် အစရှိသော ယာဉ်အမျိုးမျိုးဖြင့် လာရောက်နေကြပြီး ယာယီကုသရေးတဲများတွင် အောက်ဆီဂျင်ရရှိရန် စောင့်ဆိုင်းနေကြရသည်။
ကူးစက်မှု အလွန်အမင်း မြင့်တက်နေသော်လည်း အိန္ဒိယမြောက်ပိုင်း ဟာရီဝါမြို့တွင် အင်္ဂါနေ့က ကျင်းပသည့် ဘာသာရေးပွဲတော် နောက်ဆုံးနေ့တွင် ပါဝင်ဆင်နွှဲသူ ၂ သောင်းခွဲခန့် ရှိခဲ့သည်။
နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေအား အိန္ဒိယစစ်တပ်ကလည်း ပါဝင်ကူညီလျှက်ရှိသည်။
အိန္ဒိယကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဘီပင်ရာဝပ်က စစ်တပ်အတွက် သိမ်းဆည်းထားသည့် အောက်ဆီဂျင်များအား ထုတ်ပေးမည်ဖြစ်သလို ဆရာဝန်များအား အကူအညီပေးနိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာ အငြိမ်းစား ကျန်းမာရေးထမ်းများလည်း စေလွှတ်မည်ဟု တနင်္လာနေ့တွင် ပြောကြားသည်။
အိန္ဒိယတွင် အထူးပျံ့နှံ့နေသည်ဟု ယူဆရသည့် ကိုဗစ်မျိုးစိတ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံခန့်တွင် တွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အင်္ဂါနေ့တွင် ပြောကြားသည်။
ကမ္ဘာ့နိုင်ငံအများအပြားသည် အိန္ဒိယအတွက် အောက်ဆီဂျင်နှင့် အခြားအကူအညီများ ပေးပို့နိုင်ရန် စိုင်းပြင်းနေကြသည်။
စင်္ကာပူနိုင်ငံသည်လည်း ဗုဒ္ဓဟူးနေ့တွင် လေယာဉ်နှစ်စီးစာ အောက်ဆီဂျင်များ အိန္ဒိသို့ ပေးပို့လိုက်ကြောင်း စင်္ကာပူအာဏာပိုင်များက ပြောသည်။
ကမ္ဘာတစ်ဝန်းတွင် ဧပြီလ ၂၈ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း သန်း ၁၅၀ နီးပါး၊ သေဆုံးသူစုစုပေါင်း ၃ သန်းကျော် ရှိသွားပြီဖြစ်သည်။