တရုတ်တွင် ရေခဲမုန့်၌ ကိုရိုနာဗိုင်းရပ်စ်တွေ့

တရုတ်နိုင်ငံအရှေ့ပိုင်းမှ ထုတ်လုပ်သည့် ရေခဲမုန့်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသဖြင့် ထိုအသုတ်မှ ထုတ်လုပ်ဖြန့်ချိခဲ့သမျှ ရေခဲမုန့်ဗူးများအား လိုက်လံသိမ်းဆည်းရန် စီစဉ်နေကြောင်း တရုတ်အစိုးရ၏ ပြောကြားချက်အရ သိရသည်။

By Foreign Desk 18 Jan 2021

(နမူနာသရုပ်ဖော်ပုံ - Conserve Energy Future)

တရုတ်နိုင်ငံအရှေ့ပိုင်းမှ ထုတ်လုပ်သည့် ရေခဲမုန့်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသဖြင့် ထိုအသုတ်မှ ထုတ်လုပ်ဖြန့်ချိခဲ့သမျှ ရေခဲမုန့်ဗူးများအား လိုက်လံသိမ်းဆည်းရန် စီစဉ်နေကြောင်း တရုတ်အစိုးရ၏ ပြောကြားချက်အရ သိရသည်။

ဘေကျင်းမြို့အနီး တီယန်ကျင်းရှိ ဒါကွီဒေါင် အစားအစာကုမ္ပဏီ (Daqiaodao Food Co., Ltd) မှ ထုတ်လုပ်သော ရေခဲမုန့်တွင် တွေ့ရှိရခြင်းဖြစ်သည်။

ယခုအခါ အဆိုပါရေခဲမုန့်ကုမ္ပဏီကိုလည်း ချိတ်ပိတ်ထားသလို ဝန်ထမ်းများကိုလည်း ကိုဗစ်စစ်ဆေးနေကြောင်း မြို့တော်အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။ ရေခဲမုန့်မှတဆင့် ကူးစက်ခံရမှု တစ်စုံတစ်ရာတော့ မတွေ့ရှိရသေးပေ။

ရေခဲမုန့်ဗူး ၂၉၀၀၀ ခန့် အနက် အများစုမှာ မရောင်းရဘဲ ကျန်နေသေးပြီး တီယန်ကျင်းတွင် ရောင်းထွက်သွားသည့် ဗူးပေါင်း ၃၉၀ ကို ခြေရာခံ လိုက်နေကြာင်း၊ အခြားနေရာများရှိ ဗူးများကိုလည်း အာဏာပိုင်များ လိုက်လံအသိပေးနေကြောင်း အစိုးရက ပြောကြားသည်။

အဆိုပါရေခဲမုန့်၌ နယူးဇီလန်နို့မှုန့်နှင့် ယူကရိန်းနို့ဓမ်းမှုန့်တို့ ပါဝင်သည်ဟု တရုတ်အစိုးရက ပြောကြားသည်။

တရုတ်အစိုးရသည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံးအဖြစ် တရုတ်ပြည် ဝူဟန်၌ စတင်တွေ့ရှိခဲ့သည့် ဤရောဂါပိုးမှာ ပြည်ပနိုင်ငံတစ်ခုခုမှ အသား၊ငါး ကဲ့သို့ အရာဝတ္ထုတစ်ခုခု၌ ပါလာခြင်းဖြစ်နိုင်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။ ပြည်ပပညာရှင်များကမူ တရုတ်အစိုးရ၏ ပြောဆိုချက်အပေါ် လက်မခံဘဲ မေးခွန်းထုတ်မှုများရှိသည်။