- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
- ဆွီဒင်နိုင်ငံရှိ ပညာရေးစင်တာ တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံး
- ရခိုင်တွင် မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ရှိလာ၍ မီးဘေးအန္တရာယ် သတိပြုရန်လိုအပ်
- သာပေါင်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေ
ကိုဗစ်လူနာကွယ်လွန်ရင် အခေါင်းအဖြစ်ပြောင်းသုံးလို့ရတဲ့ ခုတင်တွေ တီထွင်
ကိုလံဘီယာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ကိုဗစ်လူနာတွေအတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် ခုတင်တစ်မျိုး တီထွင်လိုက်ပါတယ်။ သူတီထွင်လိုက်တဲ့ ခုတင်တွေဟာ လူနာကွယ်လွန်သွားရင် အခေါင်းအဖြစ် ပြောင်းလဲအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
27 May 2020
![](https://www.dmgburmese.com/images/2020/May/Foreign-May-27-Columbia.jpg)
ကိုလံဘီယာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ ကိုဗစ်လူနာတွေအတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် ခုတင်တစ်မျိုး တီထွင်လိုက်ပါတယ်။ သူတီထွင်လိုက်တဲ့ ခုတင်တွေဟာ လူနာကွယ်လွန်သွားရင် အခေါင်းအဖြစ် ပြောင်းလဲအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
အီကွေဒေါနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဂွာယာကွင်းလ်မြို့ လမ်းမတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရသူတွေရဲ့ ရုပ်အလောင်းဒါဇင်များစွာမှာ မြေမြှုပ်ခံရဖို့အတွက် စောင့်နေရပုံတွေ ပလူပျံအောင် တက်လာပြီးနောက် အိမ်နီးချင်း ကိုလံဘီယာနိုင်ငံက စီးပွားရေးသမား ရိုဒိုဖိုဂိုမက်ဇ်တစ်ယောက် အခြားနိုင်ငံတွေမှာ ဒီလိုဖြစ်စဉ်မျိုးထပ်မဖြစ် ရအောင် ရည်ရွယ်ပြီး ဆေးရုံခုတင်ကို အခေါင်းပုံစံ ပြောင်းလို့ရမယ့် ဖန်တီးမှုမျိုး စဉ်းစားမိခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အီကွေဒေါမှာ ဖြစ်နေတာတွေ တွေ့ပါတယ်၊ သေဆုံးသူရဲ့ မိသားစုဝင်တွေဟာ လမ်းပေါ်မှာ အလောင်းကို သယ်ထုတ်နေရပြီး ဈာပနလုပ်ငန်းတွေဟာလည်း ကပ်ရောဂါကြောင့် မနိုင်မနင်းနဲ့ ပြိုလဲတော့မယ် အခြေအနေဖြစ် နေတယ်။ ဒါကြောင့် ကျွန်တော်တို့က လူနာခုတင်ကို အလောင်းထည့်တဲ့ အခေါင်းအဖြစ် ပြောင်းသုံးနိုင်အောင် စပြီး စီစဉ်ခဲ့တာ” လို့ အသက် ၄၄ နှစ်အရွယ် ဂိုမက်ဇ်က ပြောပါတယ်။
ကိုလံဘီယာရဲ့ ကျန်းမာရေးစနစ်ကတော့ ခုချိန်အထိ ကိုဗစ်-၁၉ လူနာများအတွက် ကျေနပ် အားတက်စရာတော့ မကောင်း သေးပါဘူး။ နိုင်ငံရဲ့ နှစ်လတာ သီးခြားအသွားအလာ ကန့်သတ် စောင့်ကြည့်ရေးကာလ ပြီးဆုံးတော့မယ် ဆိုပေမဲ့ ကပ်ရောဂါကြောင့် ဆေးရုံတွေ၊ နာရေးအိမ်တွေမှာ လူအုပ်ကြီးတွေနဲ့ ပြည့်ကျပ်နေတုန်းပါပဲ။
မေလ ၂၆ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၂ သောင်းကျော်၊ သေဆုံးသူ ၇၅၀ ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဈေးကွက်မှာ ရောင်းတန်းဝင်ပစ္စည်း ထုတ်လေ့ရှိတဲ့ ရိုဒိုဖို ဂိုမက်ဇ်ရဲ့ ABC Displays ကုမ္ပဏီက တိုင်းပြည်ရဲ့ ကျန်းမာ ရေးစနစ်ဟာ တချိန်ချိန်မှာ အခွန်ကြောင့် ဝန်ပိလာမှာစိုးရိမ်တဲ့စိတ်နဲ့ ယခုလို ရွှေ့ရလွယ်တဲ့ ဗီရိုပုံအခေါင်းများကို ပြည်တွင်းမှာ ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။
လူနာခုတင်မှာ သတ္တုတန်းတွေပါပြီး ဘရိတ်တပ်ထားတဲ့ဘီးတွေနဲ့ အတင်အချလည်း လုပ်လို့ရပါတယ်။ အဲဒီကုတင်က အလေးချိန် ၁၅၀ ကီလိုဂရမ် (ပေါင် ၃၃၀) လောက်အထိ ခံနိုင်ရည် ရှိပါတယ်။
“ဒီအခေါင်းတွေဟာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး ဈေးနှုန်းအနေနဲ့ ၉၂ ဒေါ်လာကနေ ၁၃၂ ဒေါ်လာထိ ကျသင့်မှာ ဖြစ်တယ်။ ” လို့ ဂိုမက်ဇ်ကဆိုပါတယ်။