- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်တွင် တစ်ကျော့ပြန် ကိုဗစ်ပျံ့နှံ့မှု၌ တာဝန်ရှိသူအရာရှိ ဒါဇင်ပေါင်းများစွာ ပြစ်ဒဏ်ပေးခံရ
တရုတ်ပြည်တွင် တစ်လနီးပါး ကာလအတွင်း နိုင်ငံတစ်ဝန်း လူ ၉၀၀ ခန့်အထိ ဒဲလ်တာကိုဗစ်မျိုးစိတ် ကူးစက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူ အများအပြားကို တရုတ်အာဏာပိုင်များက ပြစ်ဒဏ်ပေးခဲ့ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Aug 2021
DMG | သြဂုတ် ၁၀
တရုတ်ပြည်တွင် တစ်လနီးပါး ကာလအတွင်း နိုင်ငံတစ်ဝန်း လူ ၉၀၀ ခန့်အထိ ဒဲလ်တာကိုဗစ်မျိုးစိတ် ကူးစက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူ အများအပြားကို တရုတ်အာဏာပိုင်များက ပြစ်ဒဏ်ပေးခဲ့ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း မြို့တော်ဝန်များ၊ ကျန်းမာရေး ညွှန်ကြားရေးမှူးများ ဆေးရုံအုပ်များမှသည် လေဆိပ်အကြီးအကဲများအထိ အရာရှိ ၃၀ ကျော်သည် ကူးစက်မှုကို မျက်ကွယ်ပြုခြင်း၊ ဖြေရှင်းပုံ လွဲမှားခြင်းတို့ကြောင့် ပြစ်ဒဏ်ပေးခံခဲ့ရကြောင်း အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ဂလိုဘယ်တိုင်း သတင်းဌာနက ဖော်ပြသည်။
တရုတ်နိုင်ငံတစ်ဝန်း ခရိုင်စုစုပေါင်း၏ ထက်ဝက်ခန့်တွင် ပြီးခဲ့သည့်လအတွင်း ကိုဗစ်ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်ခဲ့ပြီး နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ ၉၀၀ နီးပါးအထိ ရှိခဲ့သည်။ ကူးစက်မှု အများစုမှာ အိန္ဒိယတွင် စတင်တွေ့ရှိခဲ့သည့် ကူးစက်မြန် ဒဲလ်တာကိုဗစ်မျိုးကွဲ ဖြစ်သည်။
၂၀၁၉ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ်စတင် တွေ့ရှိရာ ဝူဟန်မြို့တွင်ပါ တစ်ကျော့ပြန် ကူးစက်မှုများ ရှိခဲ့သည်။ ဝူဟန်ရှိ ရွှေ့ပြောင်းလုပ်သား ခုနစ်ဦးထံတွင် ကိုဗစ်ကူးစက်ထားသည်ကို တွေ့ရှိထားကြောင်း အာဏာပိုင်များက သြဂုတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။
တရုတ်ပြည်တွင် လူအများစုကို ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်သော်လည်း အာဏာပိုင်များသည် ကာကွယ်ဆေးအပေါ် လုံးလုံး မှီခိုမနေဘဲ ပိုးတွေ့လျှင် ဆက်စပ်ခြေရာကောက်ပြီး စစ်ဆေးမှု အများအပြား ပြုလုပ်ခြင်းအပြင် လူဦးရေ သန်းချီရှိသည့် မြို့ကြီးများကိုပါ တစ်မြို့လုံး လော့ဒေါင်းချခြင်း များဖြင့် ဗိုင်းရပ်စ်ကို တိုက်ထုတ်လျက်ရှိသည်။
တရုတ်ပြည်၌ ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၁ သြဂုတ်လ ၈ ရက်နေ့အထိ ကိုဗစ်ကူးစက်သူစုစုပေါင်း ၁၂၁၅၅၀ ရှိပြီး သေဆုံးသူစုစုပေါင်း ၅၆၅၄ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်များအရ သိရသည်။