- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မင်းသား The Rock တို့ တစ်မိသားစုလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ
The Rock ဟု လူသိများသည့် သရုပ်ဆောင် ဝိန်းဂျွန်ဆင်တို့ မိသားစုတစ်ခုလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Sep 2020

The Rock ဟု လူသိများသည့် သရုပ်ဆောင် ဝိန်းဂျွန်ဆင်တို့ မိသားစုတစ်ခုလုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မိမိအပါအဝင် ဇနီးနှင့် သမီးငယ်နှစ်ဦးတို့သည် အနီးကပ်မိတ်ဆွေများ ထံမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ယခုအခါ ပြန်လည်သက်သာသွားပြီဖြစ်ကြောင်း မင်းသားက ပြောကြားခဲ့ပြီး မျက်နှာဖုံးတပ်ဆင် သွားလာကြရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအား နိုင်ငံရေးအသွင် ပုံဖော်ခြင်းမျိုး မပြုလုပ်ကြရန် ၎င်း၏ပရိသတ်များအား ပြောကြားခဲ့သည်။
“ကျွန်တော်တို့ တစ်မိသားစုလုံး အတိုင်းအတာနဲ့ ကြုံခဲ့ရတဲ့ စိန်ခေါ်မှုအများဆုံးနဲ့ အခက်ခဲဆုံး ကာလတွေထဲက တစ်ခုပါပဲ။” ဟု မင်းသားက ဆိုသည်။
နပန်းသမားဘဝမှ သရုပ်ဆောင်ဘဝသို့ ကူးပြောင်းခဲ့သူ မင်းသား ဝိန်းဂျွန်ဆင်သည် ကမ္ဘာ့သရုပ်ဆောင်ကြေး အမြင့်ဆုံးရရှိသည့် မင်းသားတစ်ဦးဖြစ်သလို ၎င်း၏ အင်စတာဂရမ်အကောင့်အား Follow လုပ်ထားသူပေါင်း ၁၉၆ သန်းရှိသည်။
ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဟောလီးဝုဒ် ရုပ်ရှင်ကုမ္ပဏီများသည် ရိုက်ကူးရေးများ ရပ်နားထားရသည်မှာ ကြာပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူများတွင် ဟောလီးဝုဒ် ထိပ်တန်းသရုပ်ဆောင်များဖြစ်ကြသည့် တွမ်ဟန့်၊ အန်တိုနီယို ဘန်ဒါရက်၊ အစ်ဒရစ် အယ်လ်ဘာတို့လည်း ပါဝင်သည်။