- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိန္ဒိယတွင် e-cigarettes ရောင်းချမှု ပိတ်ပင်မည်
e-cigarettes သုံးစွဲမှုကြောင့် လူငယ်များကြားတွင် အဆုတ်ရောဂါများ ဖြစ်ပွားခြင်းအပြင် သေဆုံးသည်အထိ ဆက်စပ်နေသဖြင့် ပိတ်ပင်ရန်စီစဉ်နေကြောင်း အမေရိကန်အစိုးရက ပြောကြားပြီး နောက်တစ်ရက်တွင် အိန္ဒိယနိုင်ငံက ထုတ်ပြန်ကြေညာ
19 Sep 2019

အိန္ဒိယနိုင်ငံ၌ e-cigarettes ကို ပိတ်ပင်မည်ဟု အိန္ဒိယအစိုးရက ပြောကြားလိုက်ကြောင်း DW သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အစိုးရက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်ခြင်းဖြစ်ပြီး ထုတ်လုပ်မှု၊ တင်သွင်းရောင်းချမှု၊ ကြော်ငြာမှု၊ ဖြန့်ချိမှုအားလုံးကို ပိတ်ပင်သွားမည်ဟု ဆိုသည်။
အရသာထည့်သွင်းထားသော e-cigarettes သုံးစွဲမှုကြောင့် လူငယ်များကြားတွင် အဆုတ်ရောဂါများ ဖြစ်ပွားခြင်းအပြင် သေဆုံးသည်အထိ ဆက်စပ်နေသဖြင့် ပိတ်ပင်ရန်စီစဉ်နေကြောင်း အမေရိကန်အစိုးရက ပြောကြားပြီး နောက်တစ်ရက်တွင် အိန္ဒိယနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ဖြင်း ဖြစ်သည်။
e-cigarettes သည် အရသာထည့်သွင်းထားသော အရည်ကို အငွေ့အဖြစ် ရှူသွင်းခြင်းဖြစ်သဖြင့် ဆေးလိပ်ထက် အန္တရာယ်ပိုကင်းသည်ဟု သတ်မှတ်ထားကြသည်။ ဆေးရွက်ကြီးဖြင့်သောက်သုံးသော ဆေးလိပ်များတွင် ပါဝင်သည့် ဓာတုပစ္စည်း အမျိုးအစား ၇ ထောင်ကျော်သည် ၎င်းအငွေ့တွင် မပါဝင်သော်လည်း လူကိုအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများစွာ ပါဝင်နေသေးသည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ လူငယ်များနှင့် ကလေးများကြားတွင် e-cigarette သုံးစွဲသည့်အလေ့အထ လျင်မြန်စွာ ပျံ့နှံ့လာနေကြောင်း အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အိန္ဒိယရှိ e-cigarettes သောက်သုံးသူများအဖွဲ့ကမူ အစိုးရ၏ဆုံးဖြတ်ချက်ကို ရှုတ်ချလိုက်သည်။ ယခုလိုတားမြစ်ခြင်းသည် ဆေးလိပ်သောက်သုံးမှုကို လျှော့ချရန်ကြိုးစားနေသည့် သန်းနှင့်ချီသော ပြည်သူများကို အခက်အခဲဖြစ်စေသည်ဟု ထိုအဖွဲ့က ပြောသည်။
ဥပဒေသစ်အရ သုံးစွဲသူထက် ထုတ်လုပ်မှု၊ တင်သွင်းရောင်းချမှု၊ ကြော်ငြာမှု ဖြန်ချိမှုတို့ကို အဓိကတားဆီးသွားမည်ဖြစ်သည်။ e-cigarettes ရောင်းချသူများကို ပထမအကြိမ် ဖမ်းမိပါက အိန္ဒိယရူးပီးငွေ တစ်သိန်း (US ဒေါ်လာ ၁၃၉၀ ခန့်) အထိ ဒဏ်ရိုက်နိုင်ပြီး ထပ်မံကျူးလွန်သူများကို ပိုများသောဒဏ်ကြေး သို့မဟုတ် ထောင်ဒဏ်ချမှတ်သည်အထိ အရေးယူသွားမည်ဟု အစိုးရက ပြောသည်။
ယခုဥပဒေ အသက်ဝင်ရန်အတွက် ဝန်ကြီးချုပ် နရန်ဒါမိုဒီက အတည်ပြုရဦးမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဆေးလိပ်ဈေးကွက်ကြီးဖြစ်ပြီး တရုတ်မှာ နံပါတ် ၁ အကြီးဆုံးဖြစ်သည်။ အိန္ဒိယတွင် ဆေးရွက်ကြီးနှင့် ဆက်စပ်သည့်ရောဂါများကြောင့် နှစ်စဉ် သေဆုံးသူ ၉ သိန်းထက်မနည်း ရှိကြောင်း DW သတင်းတွင် ဖော်ပြထားသည်။