- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
အဲလစ်ဇဘက်ဘုရင်မကြီး နတ်ရွာစံပြီးနောက် ဗြိတိန်ထီးနန်းကို ချားလ်မင်းသား ဆက်ခံ
အဲလစ်ဇဘက်ဘုရင်မကြီး စက်တင်ဘာလ ၈ ရက်နေ့က နတ်ရွာစံသွားသည့်အတွက် ဘုရင်မကြီး၏ အကြီးဆုံးသား ချားလ်မင်းသားသည် ဗြိတိန်ထီးနန်းကို ဆက်ခံလိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Sep 2022

DMG ၊ စက်တင်ဘာ ၉
အဲလစ်ဇဘက်ဘုရင်မကြီး စက်တင်ဘာလ ၈ ရက်နေ့က နတ်ရွာစံသွားသည့်အတွက် ဘုရင်မကြီး၏ အကြီးဆုံးသား ချားလ်မင်းသားသည် ဗြိတိန်ထီးနန်းကို ဆက်ခံလိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ချားလ်မင်းသားသည် ထီးနန်းအရိုက်အရာကိုဆက်ခံရန် ဘဝတစ်လျှောက်လုံး ပြင်ဆင်လာခဲ့သူဖြစ်ကာ ယခုကဲ့သို့ ထီးနန်းဆက်ခံကာ ဘုရင်ဖြစ်ချိန်၌ အသက် ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်သည်။
တော်ဝင်မိသားစု၏ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာဘဲ အများပြည်သူဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဗိသုကာလက်ရာများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် အငြင်းအခုံများရှိခဲ့ပြီး တစ်မူကွဲပြားသူလည်း ဖြစ်သည်။
ဗြိတိန်၏ တော်ဝင်ထီးနန်းကို အချို့က နိုင်ငံတော်ကို စည်းလုံးစေသည့် ပြယုဂ်အဖြစ် ယူဆကြသလို အချို့ကလည်း ခေတ်မမီတော့တော့ ပဒေသရာဇ်သမိုင်းဆက် အကြွင်းအကျန်ဟု ယူဆကြသည်။
ချားလ်မင်းသား၏ တော်ဝင်အရိုက်အရာ ဆက်ခံမှုသည် ဗြိတိန်သက်ဦးဆံပိုင် ဘုရင်စနစ်၏ အနာဂတ်အတွက် ငြင်းခုံဆွေးနွေးဖွယ်ရာ ဖြစ်လာမည့်သဘောရှိသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။