- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကိုရိုနာလူနာအဖြစ် သတ်မှတ်သည့်စနစ်အား ပြောင်းလဲလိုက်ပြီးနောက် သေဆုံးသူဦးရေ ထိုးတက်
လူနာများအား ရေတွက်သည့်စနစ်ကို ပြောင်းလဲလိုက်ပြီးနောက် တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက်သည် ရုတ်ချည်းမြင့်တက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Feb 2020
လူနာများအား ရေတွက်သည့်စနစ်ကို ပြောင်းလဲလိုက်ပြီးနောက် တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက်သည် ရုတ်ချည်းမြင့်တက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကြာသပတေးနေ့တွင် ရရှိထားသော အချက်အလက်များအရ နောက်ဆုံး ၂၄ နာရီအတွင်း ထပ်တိုးလာသော သေဆုံးမှုမှာ ၂၄၂ ဦးရှိပြီး ကူးစက်ခံရသူ ၁၄၈၄၀ ရှိသည်။ ယခုပမာဏသည် ဗိုင်းရပ်စ်ပြန့်ပွားမှု စတင်ချိန်တည်းက တစ်ရက်အတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်သည်။
ရောဂါကူးစက်ကြောင်း သတ်မှတ်သည့် အချက်အလက်များအား ထပ်မံဖြည့်စွက်လိုက်သဖြင့် အရေအတွက် ရုတ်ချည်းမြင့်တက်သွားခြင်းဖြစ်ကြောင်း ဟူဘေဒေသ အာဏာပိုင်များက ပြောကြားသည်။
အာဏာပိုင်များသည် ရှုပ်ထွေးသော ဓာတ်ခွဲခန်းစစ်ဆေးချက်များ ဆောင်ရွက်ပြီးမှသာ ကူးစက်ခံထားရသူ ဟုတ် မဟုတ် သတ်မှတ်ခြင်းဖြစ်သည်။
ယခင်စစ်ဆေးပြီးသော သံသယလူနာများကိုပါ ထပ်မံစစ်ဆေးပြီး ကူးစက်ခံရသူ ဟုတ် မဟုတ် သတ်မှတ်ခြင်းဖြစ်သဖြင့် ကြာသပတေးနေ့ ထုတ်ပြန်လိုက်သော အရေအတွက်တွင် လူနာအဟောင်းများလည်း ပါဝင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။
ကူးစက်မှုအဓိကပြန့်ပွားရာ နေရာတွင် စီမံခန့်ခွဲမှုများ ဆောင်ရွက်လျက်ရှိသည့် ထိပ်တန်းနိုင်ငံရေးသမား နှစ်ဦးလည်း ကြာသပတေးနေ့တွင် အလုပ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လျက်ရှိကြောင်း သမ္မတရှီကျင့်ဖျင် ပြောကြားပြီး နာရီပိုင်းအကြာတွင် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
ယခုဖြစ်ရပ်ကြောင့် ပြဿနာအား တရုတ်အစိုးရ၏ ကိုင်တွယ်မှုများအပေါ်တွင်လည်း မေးခွန်းများ ထွက်ပေါ်လျက်ရှိသည်။
အစိုးရ၏ ပြောကြားချက်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အလျင်အမြန်ပင် တုံ့ပြန်လိုက်ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုသည် သီတင်းပတ်အနည်းငယ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာနိုင်ကြောင်း ပြောကြားလိုက်သည်။
“ဗိုင်းရပ်စ်ကူးစက်မှုနဲ့ ပတ်သက်လို့ ခုအချိန်မှာ စ၊လယ်၊ဆုံး ခန့်မှန်းပြောဖို့ စောလွန်းနေပါသေးတယ်။” ဟု WHO အရေးပေါ်ကျန်းမာရေး အစီအစဉ် အကြီးအကဲ မိုက်ကယ်ရိုင်ယန်က ပြောကြားသည်။
ရုတ်ချည်း ပြောင်းလဲသွားသော အရေအတွက်ကြောင့် ကူးစက်ရောဂါသည် လက်ရှိထုတ်ပြန်ထားသော သတင်းများထက် အများကြီး ပိုမိုဆိုးဝါးနိုင်ကြောင်း စိုးရိမ်ပူပန်မှုများလည်း တရုတ်ပြည်သူများအကြား မြင့်တက်လျှက်ရှိသည်။
ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဖေဖော်ဝါရီလ ၁၃ ရက် ကြာသပတေးနေ့အထိ စုစုပေါင်း သေဆုံးသူဦးရေ ၁၃၅၅ ဦး၊ ကူးစက်ခံထားရသူဦးရေ ၆၀၀၀၀ နီးပါးရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။