နယူးကယ်လီဒိုးနီးယားက ပြင်သစ်တွင်ဆက်နေရန် မဲပေး၊ ခွဲထွက်ရေးဝါဒီများ သပိတ်မှောက်

ပြင်သစ်ပိုင် နယူးကယ်လီဒိုးနီးယားဒေသ၌ ပြီးခဲ့သောတနင်္ဂနွေနေ့က ကျင်းပသည့် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်များသည် ပြင်သစ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ဆက်လက်ရပ်တည်ရန် တစ်ခဲနက် မဲဆန္ဒပေးရွေးချယ်ခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တောင်ပစိဖိတ် ဒေသတစ်ဝိုက်က အနီးကပ် စောင့်ကြည့်နေကြသည့် ဤဆန္ဒခံယူပွဲကို သီးခြားလွတ်လပ်ရေး လိုလားသော အင်အားစုများက သပိတ်မှောက်ထားသည့် ကြားမှ ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

14 Dec 2021

(ဓာတ်ပုံ - AP)

DMG ၊ ဒီဇင်ဘာ ၁၄

ပြင်သစ်ပိုင် နယူးကယ်လီဒိုးနီးယားဒေသ၌ ပြီးခဲ့သောတနင်္ဂနွေနေ့က ကျင်းပသည့် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်များသည် ပြင်သစ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် ဆက်လက်ရပ်တည်ရန် တစ်ခဲနက် မဲဆန္ဒပေးရွေးချယ်ခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တောင်ပစိဖိတ် ဒေသတစ်ဝိုက်က အနီးကပ် စောင့်ကြည့်နေကြသည့် ဤဆန္ဒခံယူပွဲကို သီးခြားလွတ်လပ်ရေး လိုလားသော အင်အားစုများက သပိတ်မှောက်ထားသည့် ကြားမှ ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတ အမ်မာနျူဝယ် မက်ခရွန်က အဆိုပါရလဒ်အား အင်ဒိုပစိဖိတ်တွင် ပြင်သစ်၏ အခန်းကဏ္ဍကို ခိုင်မာစေသော ပဲ့တင်ထပ်သည့် အတည်ပြုချက်တစ်ခု အဖြစ် ဂုဏ်ပြုကြိုဆိုခဲ့ပြီး အဆိုပါနယ်မြေ၏ အနာဂတ် အခြေအနေများအတွက်လည်း စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။

ခွဲထွက်ရေးဝါဒီများကမူ  စိတ်ပျက်မှုများနှင့် နှုတ်ထွက်လိုမှုများကို ဖော်ပြခဲ့ကြသည်။
ခွဲထွက်ရေးသမားများသည် ကမ္ဘာ့ကပ်ရောဂါအခြေအနေအရ မဲဆန္ဒခံယူပွဲကို ဆိုင်းငံ့ရန်တောင်းဆိုခဲ့ကြပြီး မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍လည်း ပြင်သစ်အစိုးရ၏ စိုးမိုးခြယ်လှယ်ရန် အားထုတ်မှုရှိသည်ဟု ယူဆကာ ဒေါသထွက်နေခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က ၎င်းတို့အားထောက်ခံသူ များကို မဲရုံများဆီမသွားရန် တောင်းဆိုခဲ့ကြသည်။
ထောက်ခံသူများကလည်း တောင်းဆိုသည့်အတိုင်း လိုက်နာခဲ့ကြသည်။

တရားဝင်ရလဒ် ထုတ်ပြန်မှုများအရ ပါဝင်မဲပေးသူများ၏ ၉၆ ရာခိုင်နှုန်းအထိ အံ့သြဖွယ်ကောင်း လောက်အောင်ပင် ပြင်သစ်တွင်ဆက်လက်ရှိနေရန် မဲပေးခဲ့ကြသည်။ သို့သော်လည်း ယေဘုယျ ပါဝင်မဲပေးသူများမှာ စုစုပေါင်းလူဦးရေထက် ၄၄ ရာခိုင်နှုန်းထက် လျော့နည်းခဲ့ကာ ခွဲထွက်ရေးကို ထောက်ခံသူများ ပါဝင်သည့် ပြီးခဲ့သောနှစ်က ခွဲထွက်မဲ ၄၆.၇ ရာခိုင်နှုန်း ရရှိခဲ့သည့် ဆန္ဒခံယူပွဲ၏ ထက်ဝက်ခန့်သာ ရှိသည်။

“ဒီနေ့ညမှာ ကျွန်မတို့ဟာ ပြင်သစ်တွေပဲ။ ဆက်ပြီးတော့လည်း ဒီတိုင်းပဲ ရှိနေမှာပါ။ ထပ်ပြီး စေ့စပ်ညှိနှိုင်းစရာ မလိုတော့ဘူး” ဟု တောင်ပိုင်း ပြည်နယ်ဒေသ အုပ်ချုပ်ရေးမှုးနှင့် တက်ကြွသောသစ္စာခံ တစ်ဦးဖြစ်သည့် ဆိုနီယာဘက်ကက်စ်က ပြောကြားသည်။

မဲပေးမှုများကို UN နှင့် ကိုလိုနီအုပ်ချုပ်မှု မပြုရေး ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှု နှင့် တရုတ်၏လွှမ်းမိုးမှု ကြီးထွားလာမှုအား ဆန့်ကျင်သော ဒေသအင်အားစုများက စောင့်ကြည့်ကြပ်မတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပါရီထက် ဂရင်းနစ်စံတော်ချိန် ၁၀ နာရီ စောပြီး သြစတြေးလျ အရှေ့ပိုင်းရှိ လူဦးရေ ၂၇၀,၀၀၀ ခန့်ရှိသော ကျယ်ပြန့်သော ကျွန်းစုတစ်ခုဖြစ်သည့် နယူးကယ်လီဒိုးနီးယားကို ၁၉ ရာစုတွင် နပိုလီယန်၏တူတော်စပ်သူက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် ပြင်သစ်နိုင်ငံ၏ စစ်အခြေစိုက်စခန်းတစ်ခု တည်ရှိရာနေရာလည်း ဖြစ်သည်။