- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဂျာမနီ ၂၀၂၆ စက်မှုအသွင်ကူးပြောင်းရေးအတွက် ဒေါ်လာ ၂၂၀ ဘီလီယံ သုံးစွဲမည်
ဂျာမနီနိုင်ငံသည်သည် ဥတုရာသီ ကာကွယ်ရေး၊ ဟိုက်ဒရိုဂျင်နည်းပညာနှင့် လျှပ်စစ်ယာဉ် အားသွင်းကွန်ရက်ချဲ့ထွင်မှုတို့ အပါအဝင် စက်မှုအသွင်ကူးပြောင်းရေးအတွက် လက်ရှိအချိန်မှစ၍ ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ ယူရို ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၂၀ ဘီလီယံ) အသုံးပြုသွားရန် လျာထားကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်သည်။
08 Mar 2022
DMG ၊ မတ် ၈
ဂျာမနီနိုင်ငံသည်သည် ဥတုရာသီ ကာကွယ်ရေး၊ ဟိုက်ဒရိုဂျင်နည်းပညာနှင့် လျှပ်စစ်ယာဉ် အားသွင်းကွန်ရက်ချဲ့ထွင်မှုတို့ အပါအဝင် စက်မှုအသွင်ကူးပြောင်းရေးအတွက် လက်ရှိအချိန်မှစ၍ ၂၀၂၆ ခုနှစ်အတွင်း ရန်ပုံငွေ ယူရို ၂၀၀ ဘီလီယံ (ဒေါ်လာ ၂၂၀ ဘီလီယံ) အသုံးပြုသွားရန် လျာထားကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားလိုက်သည်။
"စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော် အသွင်ကူးပြောင်းရေး အတွက် ရန်ပုံငွေ ယူရို ၂၀၀ ဘီလီယံ" ဟု ခရစ္စရှန်လင်ဒါက လူထုအသံလွှင့်ဌာန အေအာဒီသို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါရန်ပုံငွေတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် စည်းကြပ်ကောက်ခံမှုများကို ဖယ်ရှားခြင်းလည်း ပါဝင်သည်ဟု သူက ဖြည့်စွက်ပြောကြားသည်။
သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းရန် အခြေခံအဆောက်အဦများကို မြှင့်တင်ခြင်းနှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ပိုမိုမှီခိုအားထားလာနိုင်ခြင်းတို့ဖြင့် ရုရှားဓာတ်ငွေ့အပေါ် မှီခိုအားထားမှုကို ဖြတ်တောက်ရန် ဂျာမနီက ပြင်းထန်စွာ ကြိုးပမ်းနေချိန်တွင် လင်ဒါ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂျာမနီသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် စီစဉ်လျက်ရှိသည်။
စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ခ်က ရိုက်တာသတင်းဌာနသို့ မှတ်ချက်ပြုရာတွင် ဥရောပ၏ အကြီးဆုံး စီးပွားရေးအသွင်ကူးပြောင်းမှုကို မြှင့်တင်မည့် ရန်ပုံငွေအပေါ် သဘောတူခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့ရဲ့ စွမ်းအင်ဆိုင်ရာ အချုပ်အခြာအာဏာမှာ အရင်ကထက် ပိုအရေးတကြီးရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ညွန့်ပေါင်းအဖွဲ့ဝင်တွေအနေနဲ့ တူညီတဲ့ဦးတည်ချက်ကို ဦးတည်နေကြတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပို အမှီအခိုကင်းမဲ့ပြီး ဥတုရာသီအပေါ် ရိုက်ခတ်မှုမရှိတဲ့ အခြေအနေ ဖြစ်လာဖို့ အစွမ်းကုန်ကြိုးစားရပါမယ်” ဟုလည်း ဝန်ကြီးကပြောကြားသည်။