- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
မြန်မာစစ်တပ်၏လုပ်ရပ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလပြော
မြန်မာနိုင်ငံတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများအတွက် ကုလသမဂ္ဂက မတ်လ ၁၅ ရက်နေ့တွင် ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ရှိနေနိုင်ကြောင်းလည်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။
16 Mar 2022
DMG ၊ မတ်လ ၁၆ ရက်
မြန်မာနိုင်ငံတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများအတွက် ကုလသမဂ္ဂက မတ်လ ၁၅ ရက်နေ့တွင် ရှုတ်ချလိုက်ပြီး မြန်မာစစ်တပ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ရှိနေနိုင်ကြောင်းလည်း ကုလသမဂ္ဂက ပြောကြားလိုက်သည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကို ရပ်တန့်ရေးအတွက် ခြေလှမ်းများ ချက်ချင်းဆောင်ရွက်သင့်ပြီဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောကြားသည်။
အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများကို လေ့လာထားသည့် အစီရင်ခံစာ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး မီချယ်ဘက်ချလက်၏ ရုံးက မြန်မာစစ်တပ်နှင့် လုံခြုံရေးအဖွဲ့ဝင်များ၏ လူ့အသက်ကို တန်ဖိုးမထားသည့် လုပ်ရပ်များကို ဖော်ပြထားသည်။
လူနေထူထပ်သော ဒေသများကို မြန်မာစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ၊ အရပ်သားများကို တမင် ပစ်မှတ်ထားမှုများရှိသလို အများစုမှာ ဦးခေါင်းကို ပစ်ခတ်ခံရခြင်းများ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှုများ၊ တစ်ဘက်သတ် ဖမ်းဆီးမှု၊ နှိပ်စက်မှု သို့မဟုတ် လူသားဒိုင်းကာအဖြစ် အသုံးချခံရမှုများ ရှိနေကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
“ဒီလုပ်ရပ်တွေဟာ အစီအစဉ်တကျ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်တကျ တိုက်ခိုက်မှုတွေဖြစ်ကြောင်း ညွှန်ပြနေသလို စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်တဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေတာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးပြောခွင့်ရ ရာဗီနာရှန်ဒါဆာနီက ဂျီနီဗာတွင် သတင်းထောက်များကို ဖြေကြားသည်။
မြန်မာနိုင်ငံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဆက်နွယ်သူများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရသူ အရေးအတွက်သည် အနည်းဆုံး ၁၆၀၀ ရှိနေပြီဖြစ်ကြောင်း လူပေါင်း ၁၂၅၀၀ ထက်မနည်းလည်း ဖမ်းဆီးခံခဲ့ရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အနည်းဆုံး ၄၄၀၀၀၀ ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေသူသည် ၁၄ သန်းခန့်အထိ ရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ယခုအစီရင်ခံစာအား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် ထုတ်ပြန်ခြင်းဖြစ်သည်။