- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ခြစားမှုတိုက်ဖျက်ရေး ဂွါတီမာလာတရားသူကြီးတစ်ဦး ရာထူးမှနုတ်ထွက်၍ အမေရိကန်သို့တိမ်းရှောင်
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာတွင် အရေးပါသော ဂွါတီမာလာ တရားသူကြီးတစ်ဦးသည် တနင်္လာနေ့တွင် ရာထူးမှနုတ်ထွက်ကြောင်းနှင့် နိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။
24 Mar 2022
DMG | မတ် ၂၄
အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာတွင် အရေးပါသော ဂွါတီမာလာ တရားသူကြီးတစ်ဦးသည် တနင်္လာနေ့တွင် ရာထူးမှနုတ်ထွက်ကြောင်းနှင့် နိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သည်။
တရားသူကြီး အက်ရစ်ကာအိုင်ဖန်သည် စီးပွားရေးလုပ်ငန်းရှင်များ၊ အရာရှိများ၊ တရားသူကြီးများနှင့် ဥပဒေပြုအမတ်များနှင့်ပတ်သက်သော အကျင့်ပျက်ခြစားမှု များကို ဦးဆောင်ကိုင်တွယ် ဖြေရှင်းခဲ့သူ ဖြစ်သည်။
လက်ရှိသမ္မတ အလက်ဟန်ဒရိုဂျာမက်ထေ၏ မဲဆွယ်စည်းရုံးမှုကာလအတွင်း မမှန်ကန်သောလုပ်ရပ်များအား စွပ်စွဲမှု တစ်ခုအပေါ် စုံစမ်းစစ်ဆေးမှုကို လတ်တလောတွင် ကြီးကြပ်နေခဲ့သူ ဖြစ်သည်။
သူမသည် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်သည်ဟု စွပ်စွဲထားသည့် တိုင်ကြားမှု ၂၀ ကျော် ရင်ဆိုင်နေရသည်။ အိုင်ဖန်ကမူ အဆိုပါအမှုများကို ငြင်းဆန်ထားသည်။
“ကျွန်မကို ရွေးချယ်စရာမရှိအောင် လုပ်ခဲ့ကြတယ်” ဟု သူမ ရောက်ရှိနေသည့် ဝါရှင်တန်မှ ဖုန်းပြောဆိုမှုတစ်ခုတွင် အေပီသတင်းဌာနသို့ ဖြေကြားခဲ့သည်။
အိုင်ဖန်၏ ဖြစ်စဉ်သည် မကြာသေးမီလများအတွင်း အစိုးရ အကျင့်ပျက်ခြစားသည့်အမှုများကို ကြီးကြပ်သည့် ဂွါတီမာလာ တရားသူကြီးများနှင့် အစိုးရရှေ့နေများအား စုံစမ်းစစ်ဆေးမှုများ စတင်ပြီးနောက် သို့မဟုတ် ဖမ်းဆီးရန် ရှာဖွေပြီးနောက် နိုင်ငံမှ ထွက်ခွာသွားရသူများအနက် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။
သူမအား ဂွါတီမာလာရှေ့နေချုပ် ကွန်ဆူလိုကိုရက်စ်က အထူးဖိအားပေးခဲ့သည်ဟု အိုင်ဖန်က ပြောကြားခဲ့သည်။ အဆိုပါရှေ့နေချုပ်မှာ အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်သော မသင်္ကာမှုများကြောင့် အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ထားသူ ဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် အလက်ဟန်ဒရိုဂျာမက်ထေ၏ သမ္မတမဲဆွယ်ပွဲအတွက် တရားမဝင် ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ စွပ်စွဲခံထားရသည့် စုံစမ်းစစ်ဆေးမှုသည် အိုင်ဖန်၏ လတ်တလော အမှုအခင်းများအနက်မှ တစ်ခုဖြစ်သည်။ သမ္မတကမူ မည်သည့်အမှားအယွင်းမျှ မရှိကြောင်း ပြောကြားကာ အဆိုပါစွပ်စွဲမှုအား ငြင်းဆိုထားသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အမေရိကန် အစိုးရသည် ထိုစဉ်က ဂွါတီမာလာရှိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ထိပ်တန်း အစိုးရရှေ့နေအား အလုပ်ထုတ်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရနှင့် ဂွါတီမာလာ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။