- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
ဖိုက်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် သက်ကြီးပိုင်းလေဖြတ်မှု ဆက်စပ်နိုင်ခြေရှိ
အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)၊ ဆေးဝါးနှင့် အစားအစာ ကွပ်ကဲရေးဌာန (FDA) တို့က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
14 Jan 2023
ဓာတ်ပုံ - Reuters
အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမနီမိတ်ဘက်ကုမ္ပဏီ BioNTech တို့က နောက်ဆုံးထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် သက်ကြီးပိုင်းလေဖြတ်မှုနှင့် ဆက်စပ်နိုင်ခြေ ရှိနေကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC)၊ ဆေးဝါးနှင့် အစားအစာ ကွပ်ကဲရေးဌာန (FDA) တို့က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ကနဦးလေ့လာချက်များအရ အသက် ၆၅ နှစ်အထက် လူကြီးများသည် Pfizer-BioNTech ၏ ကိုဗစ်ကာကွယ်ဆေး ထိုးနှံအပြီး ၂၁ ရက်မှ ၄၄ ရက်အတွင်း သွေးလည်ပတ်မှု ရပ်တန့်ပြီး လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေ ရှိနေကြောင်း CDC နှင့် FDA တို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော်လည်း ယခုအချက်ကို အတည်ပြုရန်အတွက်မူ ပိုမိုကျယ်ပြန့်စွာ လေ့လာရန် လိုနေသေးပြီး အခြားနိုင်ငံများ၏ လေ့လာချက်များတွင် မတွေ့ရသေးကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။
ကျန်းမာရေးပိုင်းအရ အမှန်တကယ် အန္တရာယ်ရှိသည်ဟု ယူဆ၍မရသေးသော်လည်း အများပြည်သူ သိသင့်သည်ဟု ယူဆသည့်အတွက် ယခုအချက်အလက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
Pfizer နှင့် BioNTech တို့ကမူ ၆၅ နှစ်အထက် လူကြီးပိုင်းအချို့သည် မိမိတို့ထုတ်လုပ်သည့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီးနောက် လေဖြတ်ခြင်းများ ရှိခဲ့သည်ဟု သိထားသော်လည်း အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းတွင် လေ့လာစောင့်ကြည့်ထားမှုများအရ လေဖြတ်မှုနှင့် ကိုဗစ်-ကာကွယ်ဆေး ဆက်စပ်နေကြောင်း ကောက်ချက်ချနိုင်သည့် အထောက်အထား မရှိကြောင်း ပြောကြားထားသည်။