- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိန္ဒိယတွင် အိုမီခရွန်ကူးစက်မှု စတင်တွေ့ရှိ
အိန္ဒိယနိုင်ငံတွင် ပထမဆုံး အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်မှုကို စစ်ဆေးတွေ့ရှိထားပြီဖြစ်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Dec 2021

DMG ၊ ဒီဇင်ဘာ ၃
အိန္ဒိယနိုင်ငံတွင် ပထမဆုံး အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်မှုကို စစ်ဆေးတွေ့ရှိထားပြီဖြစ်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအများအပြား၌ နေ့စဉ်ရက်ဆက် ဆိုသလို အိုမီခရွန်မျိုးကွဲ ကူးစက်မှုများ စစ်ဆေးတွေ့ရှိနေကြပြီး လတ်တလောတွင် စင်္ကာပူ၊ တောင်ကိုရီးယား၊ ဂရိ၊ ဖင်လန်နှင့် ဂါနာနိုင်ငံများ၌လည်း အိုမီခရွန်မျိုးကွဲ ကူးစက်မှု တွေ့ရှိထားပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင်လည်း အိုမီခရွန်ကူးစက်မှုကို စစ်ဆေးတွေ့ရှိထားပြီဖြစ်ကာ လော့စ်အင်ဂျလိစ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း နိုင်ငံတကာမှ ဝင်ရောက်လာသည့် ခရီးသည်များအားလုံးကို ကိုဗစ်အမြန်စစ်ဆေးပေးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
နော်ဝေနိုင်ငံတွင် အော်စလိုအပါအဝင် ဒေသ နှစ်ဒါဇင်နီးပါး၌ ရုံးမတက်ဘဲ နေအိမ်များမှသာ အလုပ်လုပ်ကြရန် စီစဉ်နေသလို ဆွစ်ဇာလန်နိုင်ငံသည်လည်း အလားတူစည်းကမ်းများ ချမှတ်ရန် စီစဉ်လျက်ရှိသည်။
အိန္ဒိယတွင်မူ လက်ရှိကူးစက်မှုပုံစံနှင့် ကာကွယ်ဆေးထိုးနှံမှု နှုန်းထားများကို ကြည့်ခြင်းအားဖြင့် အိုမီခရွန်သည် ဒဲလ်တာမျိုးကွဲလောက် ပြင်းထန်မည့်ပုံ မပေါ်ကြောင်း အိန္ဒိယ ကူးစက်ရောဂါကာကွယ်ရေးပညာရှင် တစ်ဦးက ဘလွန်းဘက်သတင်းဌာနသို့ ဖြေကြားသည်။
အကယ်၍ ကိုယ်တွင်းခုခံအားကိုသာ အိုမီခရွန်က တိုက်ဖျက်နိုင်မည်ဆိုပါက ယခုတွက်ချက်မှုသည် ပြောင်းလဲနိုင်သည်ဟုလည်း ရောဂါကူးစက်မှု၊ စီးပွားရေးနှင့် မူဝါဒရေးရာစင်တာ ညွှန်ကြားရေးမှူး ရာမာနန်လက်ရှ်မီးနာရယန်းက ပြောသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အိုမီခရွန်ကူးစက်ခံထားရသူ ငါးဦး တွေ့ရှိထားကြောင်း မြို့တော်ဝန် ကေသီဟိုချူးက ကြာသပတေးနေ့တွင် ပြောကြားသည်။
ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံထားသူများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တားမြန်ကန့်သတ်ချက်များ ချမှတ်လိုက်ပြီဖြစ်သည်။ ၎င်းတို့သည် အားကစားပွဲများနှင့် အခမ်းအနားများ တက်ရောက်ခွင့် ရှိမည်မဟုတ်ပေ။
စင်္ကာပူနိုင်ငံ၌ လက်ရှိအချိန်အထိ အိုမီခရွန် ကူးစက်သူ ၂ ဦး တွေ့ရှိထားပြီး ဂျိုဟန်နစ္စဘက်မှ လေယာဉ်ဖြင့် ရောက်ရှိလာသူများ ဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံးသည် ခရီးမထွက်မီ ကိုဗစ်စစ်ရာ၌ ပိုးကူးစက်မှု မရှိကြောင်း ရလဒ်ထွက်ထားသူများ ဖြစ်သည်။