- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အစီရင်ခံစာကို တရုတ်စိတ်မကွက်အောင် ပြုပြင်ရေးသားခဲ့သည်ဆိုသော စွပ်စွဲချက် IMG အကြီးအကဲ ငြင်းဆို
ကမ္ဘာ့ဘဏ်တွင် အလုပ်လုပ်ကိုင်ခဲ့စဉ်က အစီရင်ခံစာတစ်စောင်ကို တရုတ်၏စိတ်ဆိုးမှုကို ရှောင်ရှားနိုင်ရန်အောင် ပြုပြင်ရေးသားပေးရန် ဝန်ထမ်းတစ်ဦးအား ဖိအားပေးခဲ့သည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲက ကြာသပတေးနေ့တွင် ငြင်းဆိုလိုက်သည်။
18 Sep 2021

DMG ၊ စက်တင်ဘာ ၁၈
ကမ္ဘာ့ဘဏ်တွင် အလုပ်လုပ်ကိုင်ခဲ့စဉ်က အစီရင်ခံစာတစ်စောင်ကို တရုတ်၏စိတ်ဆိုးမှုကို ရှောင်ရှားနိုင်ရန်အောင် ပြုပြင်ရေးသားပေးရန် ဝန်ထမ်းတစ်ဦးအား ဖိအားပေးခဲ့သည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲက ကြာသပတေးနေ့တွင် ငြင်းဆိုလိုက်သည်။
IMG အကြီးအကဲ ခရစ္စတာလီနာ ဂျော်ဂီဗာသည် ယခုကဲ့သို့ ပြုမူခဲ့သည် ဆိုသည့်အချက်အား လွတ်လပ်သောစုံစမ်းစစ်ဆေးမှု အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
တွေ့ရှိချက်များအရဆိုလျှင် ၂၀၁၈ နှင့် ၂၀၂၀ တို့၌ ထုတ်ပြန်ခဲ့သည့် စီးပွားရေးဆောင်ရွက်ချက် အစီရင်ခံစာများတွင် ပုံမှန်မဟုတ်သည့် အချက်အလက်များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဆိုပါအစီရင်ခံစာများ ထုတ်ပြန်မှုကို ကမ္ဘာ့ဘဏ်က ချက်ချင်း ရပ်ဆိုင်းခဲ့သည်။
ဂျော်ဂီဗာသည် ဘူဂေးရီးယားနိုင်ငံသားဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် IMG အကြီးအကဲရာထူးကို ဆက်ခံခဲ့သူ ဖြစ်သည်။
“အခုဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး အခြေခံအားဖြင့် ကျွန်မ သဘောမတူပါဘူး။ ပုံမှန်မဟုတ်တဲ့ အချက်အလက်တွေအကြောင်းကို စုံစမ်းစစ်ဆေးမှုကို ပုံဖော်ရေးသားပုံကိုလည်း သဘောမတူပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးလုပ်ဆောင်ချက် အစီရင်ခံစာ ၂၀၁၈ ထွက်ရှိတဲ့အချိန်က ကျွန်မရဲ့ အခန်းကဏ္ဍနဲ့ ဆက်စပ်နေလို့ဖြစ်ပါတယ်” ဟု သူမကပြောသည်။
သူမအနေဖြင့် IMF ဘုတ်အဖွဲ့ထံသို့လည်း ယခုဖြစ်စဉ်ကို အကျဉ်းချုပ် တင်ပြထားပြီးဖြစ်ကာ ဘုတ်အဖွဲ့အနေဖြင့် ယခုကိစ္စကို ဆွေးနွေးမည်ဟု ယူဆရသည်။ သို့သော်လည်း မည်သည့်အချိန်တွင် ဆွေးနွေးမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ယခုစွပ်စွဲချက်များကြောင့် သူမ၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်သလို နိုင်ငံပေါင်းစုံအဖွဲ့အစည်းများ၏ တရုတ်အပေါ် ဆက်ဆံမှုကို တောက်လျှောက်ဝေဖန်လျက်ရှိသည့် အမေရိကန်အတွက်လည်း ထောက်ပြစရာ ရသွားနိုင်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။