- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နယူးဒေလီအဓိကရုဏ်းများကြောင့် သေဆုံးသူ ၂၀ ရှိပြီ
နယူးဒေလီတွင် ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများကြောင့် သုံးရက်အတွင်း သေဆုံးသူ ၂၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
26 Feb 2020
နယူးဒေလီတွင် ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းများကြောင့် သုံးရက်အတွင်း သေဆုံးသူ ၂၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒဏ်ရာရသူ ၂၀၀ နီးပါးရှိပြီး ဆေးရုံများ၌ ပြင်းထန်ဒဏ်ရာ ရရှိထားသူလူနာများ ရှိနေသောကြာင့် သေဆုံးသူအရေအတွက်သည် ပိုမိုမြင့်တက်လာဖွယ် ရှိကြောင်းလည်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားဖြစ်ခွင့်ဥပဒေအား ကန့်ကွက်ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာခဲ့ပြီးနောက်တွင် တနင်္လာနေ့မှစတင်၍ ထောက်ခံသူ ဟိန္ဒုအုပ်စုနှင့် မထောက်ခံသူမွတ်ဆလင်အုပ်စုအကြား အဓိကရုဏ်းများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဓိကရုဏ်းများအတွင်း နှစ်ဘက်အုပ်စုသည် ဓားနှင့်သေနတ်များ အသုံးပြုမှုများရှိခဲ့ပြီး ဟိန္ဒုလူအုပ်ကြီးသည် ကြွေးကြော်သံများ အော်ဟစ်ကား မွတ်ဆလင်နေအိမ်များနှင့် ဈေးဆိုင်များအား ဖျက်ဆီးမှုများ ရှိခဲ့သည်။
“သေနတ်ဒဏ်ရာရထားသူ လူနာ အယောက် ၆၀ ရှိတယ်” ဟု လူနာများအားကုသပေးနေသည့် ဂုရုတက်ဂ်ဘဟာဒါဆေးရုံမှ ဒါရိုက်တာ ဆန်နီကူးမားက ပြောကြားသည်။
အဓိကရုဏ်းအတွင်း နှစ်ဘက်လူအုပ်ကြီးအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သော်လည်း ထိရောက်စွာ ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ ခဲများဖြင့် ပစ်ပေါက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်များအနက် တစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင့် ရဲအရာရှိ အာနက်ကူးမားက အေပီသတင်းဌာနသို့ ပြောကြားသည်။ အိန္ဒိယရဲတပ်ဖွဲ့ကမူ လက်ရှိအခြေအနေသည် ပြင်းထန်သော်လည်း မိမိတို့ထိန်းချုပ်နိုင်ကြောင်း ပြောကြားထားသည်။
အဓိကရုဏ်းများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အိန္ဒိယသို့ အလည်အပတ်ရောက်ရှိနေစဉ်အတွင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သမ္မတထရမ့်မှာ အင်္ဂါနေ့တွင် ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။
ပြီးခဲ့သော ဒီဇင်ဘာလအတွင်း အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားဖြစ်ခွင့်ဥပဒေနှင့်အတူ ဝန်ကြီးချုပ်မိုဒီဦးဆောင်သည့် အစိုးရသည် မွတ်ဆလင်များအား ဖယ်ထုတ်ပြီး အိန္ဒိယနိုင်ငံအား ဟိန္ဒုဘာသာဝင်များအတွက် သီးသန့်ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်နေသည်ဟု ဝေဖန်ခံနေရသည်။