ကိုဗစ်ကူးစက်မှုအသစ် အိန္ဒိယတွင် လေးသိန်း၊ ထိုင်း ၂၀၀၀၊ ဘင်္ဂလားဒေ့ရှ် ၁၃၈၆

မြန်မာ့အိမ်နီးချင်း အိန္ဒိယတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုစုစုပေါင်း ၄၀၃၇၃၈ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၄၀၀၀ ကျော်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ယနေ့ (မေ ၉) ဖော်ပြထားသည်။ အိန္ဒိယတွင် စနေနေ့ကလည်း သေဆုံး ကိုဗစ်လူနာ ၄၁၈၇ ဦး ရှိခဲ့သည်။

By Foreign Desk 09 May 2021

ဓာတ်ပုံ - Reuters

DMG ၊ မေ ၉

မြန်မာ့အိမ်နီးချင်း အိန္ဒိယတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုစုစုပေါင်း ၄၀၃၇၃၈ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၄၀၀၀ ကျော်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ယနေ့ (မေ ၉) ဖော်ပြထားသည်။ အိန္ဒိယတွင် စနေနေ့ကလည်း သေဆုံး ကိုဗစ်လူနာ ၄၁၈၇ ဦး ရှိခဲ့သည်။

အိန္ဒိယသည် ကမ္ဘာတွင် ကိုဗစ်ကာကွယ်ဆေး အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သော်လည်း နိုင်ငံအတွင်း၌ ကိုဗစ်ဆေး ထိုးနှံထားသည်မှာ ၃၄.၃ သန်းသာ ရှိပြီး နိုင်ငံလူဦးရေ၏ ၂.၅ ရာခိုင်နှုန်းသာရှိသည်။

ထိုင်းနိုင်ငံတွင် မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် ၂၁၀၁ ခု စစ်ဆေးတွေ့ရှိရပြီး သေဆုံးသူ ၁၇ ဦး ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့တွင် ကူးစက်မှု အများဆုံးဖြစ်ပြီး စုစုပေါင်း ၉၈၀ ဦးအထိ စစ်ဆေး တွေ့ရှိခဲ့ရသည်။

ဘန်ကောက်ရှိ အများပြည်သူဆိုင်ရာ ပန်းခြံများကို မေလ ၁၇ ရက်နေ့အထိ ပိတ်ထားမည်ဟု ဘန်ကောက်မြို့ပြ စီမံခန့်ခွဲရေး လူထုဆက်ဆံရေးရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တနင်္ဂနွေနေ့၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲသောနှစ် ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ ကူးစက်မှုစုစုပေါင်း ၈၃၃၇၅ ရှိပြီး သေဆုံးသူစုစုပေါင်း ၃၉၉ ဦးရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁၃၈၆၊ သေဆုံးသူစုစုပေါင်း ၅၆ ဦးရှိသည်ဟု Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။

ပထမဆုံးအကြိမ်အဖြစ် ကူးစက်မြန် အိန္ဒိယကိုရိုနာမျိုးစိတ် လူနာနှစ်ဦးအား တွေ့ရှိထားကြောင်း ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး အာဏာပိုင်များက မေလ ၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်အထိ ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ကူးစက်မှုစုစုပေါင်း ရ သိန်းခွဲ၊ သေဆုံးသူစုစုပေါင်း ၁ သောင်းကျော် ရှိသွားပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် မေလ ၉ ရက်နေ့အထိ ကိုဗစ်ကူးစက်မှု စုစုပေါင်း ၁၅၈ သန်း၊ သေဆုံးသူစုစုပေါင်း ၃.၃ သန်းနီးပါး ရှိနေပြီဖြစ်သည်။