- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အင်ဒိုနီးရှားတွင် တစ်ရက်တည်း ကူးစက်မှု ၂ သောင်းကျော် စံချိန်တင်တွေ့ရှိ
အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်လူနာသစ် ၂၁၀၀၀ ထက်မနည်း စံချိန်တွင် တွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Jun 2021

DMG ၊ ဇွန် ၂၈
အင်ဒိုနီးရှားနိုင်ငံတွင် ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်လူနာသစ် ၂၁၀၀၀ ထက်မနည်း စံချိန်တွင် တွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ကိုဗစ်ဒဏ်ကို အဆိုးဆုံး ရင်ဆိုင်နေရသည့်နိုင်ငံ ဖြစ်သည်။ မြို့တော်ဂျာကာတာ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ကိုဗစ်ကူးစက်မှု အမြင့်ဆုံး နေရာများရှိ ဆေးရုံများ၌ လူနာများ အပြည့်ရှိနေပြီး အချို့ဆေးရုံများကို လူနာများကို လက်မခံတော့ဘဲ ပြန်လွှတ်မှုများ ရှိကြောင်း အေပီသတင်းတွင် ဖော်ပြသည်။
နိုင်ငံတစ်ဝန်းတွင် မေလ ရာမာဒန်ကာလအတွင်း ပြည်သူ သန်းနှင့်ချီ ခရီးသွားလာမှုများ ရှိခဲ့ပြီးနောက် ပြီးခဲ့သော သီတင်းပတ်များအတွင်း ကိုဗစ် ကူးစက်နှုန်းသည် တဟုန်ထိုး မြင့်တက်ခဲ့သည်။
အင်ဒိုနီးရှားတွင် ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၂.၁ သန်းထက်မနည်း ရှိပြီး သေဆုံးသူ ၅၇၁၃၈ ဦး ရှိနေပြီဖြစ်သည်။ သို့သော်လည်း စစ်ဆေးနိုင်မှု ပမာဏ နည်းပါးသဖြင့် အမှန်တကယ် အချက်အလက်များမှာ ယခုထက် အထူးပိုများနိုင်ကြောင်း ယူဆကြသည်။
လူဦးရေ သန်း ၂၇၀ ရှိသည့် အင်ဒိုနီးရှားတွင် ပြည်သူ အနည်းဆုံး သန်း ၁၈၀ အထိကို နောက်နှစ်အစောပိုင်းထက် နောက်မကျဘဲ ကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ထားသော်လည်း လက်ရှိအချိန်အထိ ၅ ရာခိုင်နှုန်းအထိသာ ထိုးနှံရသေးသည်။