- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်ဒိုနီးရှားမှာ လက်မထပ်မီအတူနေခြင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်သည့် ဥပဒေကြမ်းအား ကန့်ကွက်ဆန္ဒပြရာမှ အဓိကရုဏ်းများ ဖြစ်ပွား
အင်ဒိုနီးရှားနိုင်ငံမှာ လက်မထပ်မီလိင်ဆက်ဆံခြင်း၊ အတူနေခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူနိုင်သည့် ပုဒ်မများ ပါဝင်သော ဥပဒေကြမ်းတစ်ရပ်ကို ကန့်ကွက်ဆန္ဒပြရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ များကြား အင်္ဂါနေ့က အဓိကရုဏ်းများ...
25 Sep 2019
အင်ဒိုနီးရှားနိုင်ငံမှာ လက်မထပ်မီလိင်ဆက်ဆံခြင်း၊ အတူနေခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူနိုင်သည့် ပုဒ်မများ ပါဝင်သော ဥပဒေကြမ်းတစ်ရပ်ကို ကန့်ကွက်ဆန္ဒပြရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ များကြား အင်္ဂါနေ့က အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်ဟု BBC သတင်းတစ်ရပ်အရ သိရသည်။
ဆန္ဒပြပွဲများမှာ အင်ဒိုနီးရှားနိုင်ငံတဝန်းရှိ မြို့အများအပြားတွင် ပေါ်ပေါက်ခဲ့ပြီး မြို့တော်ဂျာကာတာတွင် အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။
ကျောင်းသားအများအပြားပါဝင်သော ဆန္ဒပြသမားများသည် ရဲများအား ကျောက်တုံးများဖြင့်ပစ်ပေါက်ခဲ့ပြီး ရဲများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အင်အားသုံးကာ ဖြိုခွင်းခဲ့သည်။
အဆိုပါဥပဒေကြမ်းကို အင်္ဂါနေ့က လွှတ်တော်တွင် ဆန္ဒမဲခံယူရန် စီစဉ်ထားခဲ့သော်လည်း သမ္မတဂျိုကိုဝီဒိုဒိုက ဥပဒေအသစ်မှာ ထပ်မံသုံးသပ်စရာများ ရှိသေးသည်ဟုဆိုကာ ဆန္ဒခံယူမည့် အစီအစဉ်ကို သောကြာနေ့သို့ ရွှေ့ဆိုင်း လိုက်သည်။
CNA သတင်းဌာန၏ သတင်းတစ်ရပ်တွင်မူ အင်ဒိုနီးရှားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အဆောက်အအုံ အတွင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး စိတ်မပူကြရန် ပြောကြားခဲ့သော်လည်း " ဥပဒေကြမ်းအတွက် ဆန္ဒခံယူမှုကို လွှတ်တော်အသစ်ဖွဲ့စည်းချိန်ထိ ရွှေ့ဆိုင်းသွားမည်လား၊ ယခုလွှတ်တမ်းသက်တမ်းတွင် ဆန္ဒခံယူသွားမည်လား " ဟူသည့် သတင်းသမားများ မေးမြန်းမှုများကိုမူ ဖြေဆိုရန် ငြင်းဆန်သွားခဲ့ကြောင်း ဖော်ပြထားသည်။
ဆန္ဒပြသမားများ ကန့်ကွက်လျက်ရှိသော ယင်းဥပဒေကြမ်းတွင်
- လက်မထပ်မီ လိင်ဆက်ဆံခြင်းအား ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ခြင်း၊
- လက်မထပ်ဘဲ အတူနေပါက ထောင်ဒဏ် ၆ လ ချမှတ်နိုင်ခြင်း၊
- သမ္မတ၊ ဒုသမ္မတ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အလံနှင့် သီချင်းတို့ကဲ့သို့သော အထိမ်းအမှတ် သင်္ကေတများအား စော်ကားခြင်းတို့ကို ဥပဒေချိုးဖောက်မှု အဖြစ်သတ်မှတ်ခြင်း၊
- အဓမ္မကျင့်ခံရခြင်း၊ ဆေးဝါးကုသမှုအရ လိုအပ်ခြင်းတို့မရှိဘဲ ကိုယ်ဝန်ဖျက်ချပါက ထောင်ဒဏ် ၄ နှစ်အထိ ချမှတ်နိုင်ခြင်း ဟူသည့်အချက်များ ပါဝင်လျက်ရှိသည်။
ဥပဒေကြမ်းကို ကန့်ကွက်ဆန္ဒပြသူများသည် ဥပဒေကြမ်း မဲခွဲဆုံးဖြတ်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်သော်လည်း လွှတ်တော်မှ အတည်ပြုလိုက်မည်ကို စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် အကျင့်ပျက်လာဘ်စားမှုများကို နှိမ်နင်းရန် အရေးပါသော အင်အားစုတစ်ခုဖြစ်သည့် အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာများကို လျှော့ချသော ဥပဒေသစ်တစ်ရပ်ကို အတည်ပြု ပြဋ္ဌာန်းလိုက်သည့်အတွက်လည်း အင်ဒိုနီးရှားပြည်သူများကြား စိတ်ပျက်ဒေါသထွက်မှုများ ရှိနေသည်။
အင်္ဂါနေ့က ဖြစ်ပွားခဲ့သော အဓိကရုဏ်းများထဲတွင် မြို့တော်ဂျကာတာတွင် ဆန္ဒပြပြည်သူများက လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုရာမှ ရဲများနှင့်ထိပ်တိုက်တွေ့သော ဖြစ်စဉ်မှာ အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။
အခြားမြို့ကြီးများတွင် ဆန္ဒပြပွဲများမှာ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး ဂျာကာတာမြို့တွင်မူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀၀ ကျော် တပ်ဖြန့်ထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။