- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အင်ဒိုနီးရှား အနောက်ပါပူဝါတွင် ပဋိပက္ခများထပ်မံဖြစ်ပွားပြီး အနည်းဆုံး ၂၇ ဦးသေဆုံး
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ပါပူဝါဒေသတွင် ကျောင်းသားအများစုပါဝင်သော ရာနှင့်ချီသည့်ဆန္ဒပြသမားများက တနင်္လာနေ့က အဆောက်အအုံများကို မီးရှို့ဖျက်ဆီးတိုက်ခိုက်ခဲ့ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။ ဆရာတစ်ဦး၏ လူမျိုးရေးခွဲခြားပြောဆိုမှုများကို မကျေနပ်ရာမှ အကြမ်းဖက်ဆန္ဒပြမှုများ
25 Sep 2019
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ပါပူဝါဒေသတွင် ကျောင်းသားအများစုပါဝင်သော ရာနှင့်ချီသည့်ဆန္ဒပြသမားများက တနင်္လာနေ့က အဆောက်အအုံများကို မီးရှို့ဖျက်ဆီးတိုက်ခိုက်ခဲ့ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။
မီးလောင်နေသော အဆောက်အအုံများထဲတွင် ပိတ်မိမှုကြောင့် ဒေသတွင်း မြို့တော် ဝါမန်နာတွင် အနည်းဆုံး ၂၃ ဦးသေဆုံးခဲ့သည်။
ဆရာတစ်ဦး၏ လူမျိုးရေးခွဲခြားပြောဆိုမှုများကို မကျေနပ်ရာမှ အကြမ်းဖက်ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲထွက်ပေါ်လျက်ရှိသော်လည်း ရဲတပ်ဖွဲ့ကမူ ယင်းစွပ်စွဲမှုများကို အလိမ်အညာများသာဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။
နိုင်ငံတော်အလံကို မလေးမစားပြုလုပ်သည်ဟု စွပ်စွဲမှုဖြင့် လူအုပ်စုတစ်စုမှ ပါပူဝါကျောင်းသားများကို လူမျိုးရေးခွဲခြား လှောင်ပြောင်တိုက်ခိုက်ရာမှ အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြသည်။
ပါပူဝါခရိုင်၏အကြီးဆုံးမြို့ဖြစ်သော ဝါမန်နာမြို့ရှိ မတူညီသောကျောင်းအသီးသီးမှ ကျောင်းသားများကြား ရန်ပွဲတစ်ပွဲမှစတင်၍ ပဋိပက္ခများဖြစ်ပွားလာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားကြောင်းလည်း ယင်းရိုက်တာသတင်းတွင် ဖော်ပြထားသည်။
သြဂုတ်လထဲကတည်းက ဆူပူအုံကြွမှုများဖြစ်ပွားလျက်ရှိခြင်းဖြစ်ပြီး တနင်္လာနေ့ကဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများတွင် ဝါမန်နာမြို့၌ အနည်းဆုံး ၂၃ ဦးသေဆုံးကာ ခရိုင်မြို့တော် ဂျယာပူရာတွင် သီးခြားဖြစ်ပွားသော ပဋိပက္ခများ၌ ၄ ဦးသေဆုံးခဲ့သဖြင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၂၇ ဦးအထိရှိခဲ့သည်။
မီးလောင်ထားသော အဆောက်အအုံများအတွင်း ရှာဖွေကယ်ဆယ်ရေးများ အင်္ဂါနေ့တွင် ဆက်လက်လုပ်ဆောင်လျက်ရှိရာ သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိနေသေးသည်။
ဂျာယာပူရာတွင်ဖြစ်ပွားသော ပဋိပက္ခများတွင် ကျောင်းသားအုပ်စုတစ်စုက စစ်သားနှင့်ရဲများကို ဓါးများ၊ ကျောက်ခဲများဖြင့် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက သေနတ်များဖြင့် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ရာ အရပ်သား ၃ ဦးသေဆုံးပြီး နောက်ပိုင်းတွင် စစ်သားတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းစစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးမှ အေပီ သတင်းဌာနသို့ပြောကြားသည်။
အင်ဒိုနီးရှား အာဏာပိုင်များကမူ ပြီးခဲ့သောလအတွင်းက ပေါ်ပေါက်ခဲ့သော ဆူပူအုံကြွမှုများမှာ လက်ရှိနယူးယောက်တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပါပူဝါဒေသအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုရရှိအောင် ကြံစည်လုပ်ဆောင်မှုဖြစ်ကြောင်း ယခုနောက်ဆုံးဖြစ်ပွားသော ပဋိပက္ခများမတိုင်မီက ပြောကြားထားသည်။
လူမျိုးရေးခွဲခြားလှောင်ပြောင်မှုများကြောင့် ယခုနှစ်အစောပိုင်းမှာစတင်ကာ ပါပူဝါဒေသတွင် အကြမ်းဖက်ဆူပူအုံကြွမှုများ ပေါ်ပေါက်လာသည်မှာမှန်သော်လည်း ဒေသခံများက အင်ဒိုနီးရှားအပေါ် မကျေနပ်မှုများရှိနေခဲ့သည်မှာ ဆယ်စုနှစ် အတော်များများရှိနေပြီဖြစ်သည်။
ယခင် ဒတ်ချ်ကိုလိုနီဖြစ်ခဲ့သော သယံဇာတကြွယ်ဝသည့် ဤဒေသသည် ၁၉၆၃ ခုနှစ်တွင်မှ ကုလသမဂ္ဂကာလတိုတစ်ခုအုပ်ချုပ်ပြီးနောက်တွင် အင်ဒိုနီးရှားလက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ခွဲထွက်ခွင့်ရရေး ဆန္ဒခံယူပွဲတစ်ရပ်ကို ၁၉၆၉ ခုနှစ်တွင် ကျင်းပပေးခဲ့သော်လည်း လူူ ၁၀၀၀ သာမဲပေးခွင့်ရရှိခဲ့ပြီး အကျိုးဆက်အနေဖြင့် အင်အားကြီးမားပြင်းထန်ခြင်းမရှိသော ခွဲထွက်ရေးလှုပ်ရှားမှုတစ်ရပ်နှင့် လွတ်လပ်ရေးအတွက်တိုက်ခိုက်မှုများ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
အင်ဒိုနီးရှားစစ်တပ်သည် ယင်းဒေသတွင် ၎င်းတို့၏အုပ်ချုပ်မှုအပေါ် သဘောမတူညီကြောင်းပြသသည့် ပုံစံမှန်သမျှကို ဖိနှိပ်ရန်ကြိုးပမ်းရင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်လျက်ရှိသည်။