- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကာဘူးလေဆိပ်ကို တိုက်ခိုက်သည့် ဒုံးကျည်များကို အမေရိကန်က ဒုံးခွင်းစနစ်ဖြင့် ဖျက်ဆီး
အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန်စီစဉ်လျက်ရှိသည့် အာဖဂန်ကာဘူးလေဆိပ်သို့ တနင်္လာနေ့နံနက်ပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးထံမှ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Aug 2021

အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာရန်စီစဉ်လျက်ရှိသည့် အာဖဂန်ကာဘူးလေဆိပ်သို့ တနင်္လာနေ့နံနက်ပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးထံမှ သိရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုများကို လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ် ဖျက်ဆီးခဲ့ရပြီး ဒုံးကျည် ငါးလုံးအထိ ဖျက်ဆီးခဲ့ရသည်ဟု အဆိုပါအရာရှိက ပြောသည်။
ကနဦးသတင်းများအရ အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန်ဘက်က ထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ ရှိသည်ကို မတွေ့ရကြောင်း အဆိုပါက အရာရှိက ဆိုသည်။
အမေရိကန်သည် နိုင်ငံခြားသားများနှင့် ဘေးဒုက္ခကြုံရနိုင်ဖွယ်ရှိသည့် အာဖဂန်လူမျိုး စုစုပေါင်း ၁၁၄၄၀၀ ခန့်ကို ကယ်ထုတ်လျှက်ရှိပြီး အင်္ဂါနေ့အပြီး ဆောင်ရွက်ရန် တာလီဘန်တို့နှင့် သဘောတူထားသည်။
လက်ရှိအချိန်၌ လေဆိပ်တွင်ရှိနေသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်သည်လည်း လျော့နည်းလာနေပြီး အခြားတစ်ဘက်တွင် ပြီးခဲ့သော ကြာသပတေးနေ့က အိုင်အက်စ်တို့၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား ပိုမိုဆောလျင်စွာ ဆောင်ရွက်လျက်ရှိသည်။
တာဝန်ရှိသူများ အနေဖြင့် “မြေပြင်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား အကာအကွယ်ပေးရန်အတွက် မည်သည့်လိုအပ်ချက်မျိုးကိုမဆို အကောင်အထည်ဖော် ဆောင်ရွက်ရန်” အမိန့်ကို သမ္မတဂျိုးဘိုင်ဒန်က ထပ်မံ အတည်ပြုပြောကြားထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်၌ ဖော်ပြထားသည်။
တနင်္ဂနွေနေ့ကလည်း အသေခံဗုံးခွဲသမားများ သယ်ဆောင်ကာ ကာဘူးလေဆိပ်သို့ ဦးတည်လာသည့် ကားတစ်စီးကို အမေရိကန်တို့က ဒရုန်းဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ပင်တဂွန်အရာရှိများထံမှ သိရသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။
အဆိုပါကားအား ဖောက်ခွဲဖျက်ဆီးမှုအတွင်း အရပ်သား သေဆုံးဒဏ်ရာရမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း အမေရိကန်က ဆိုသည်။
ကားအတွင်း အလွန်ပြင်းထန်သည့် ဖောက်ခွဲရေးပစ္စည်း အများအပြား တင်ဆောင်လာသဖြင့် အဆိုပါပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိနိုင်ကြောင်း ဗဟိုဌာနချုပ်က ပြောသည်။