- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စပိန်တွင် ကလေးနှစ်ဦးရှေ့၌ ဖခင်က ဇနီးဟောင်း၊ ယောက္ခမနှင့် ခယ်မတို့အား ပစ်သတ်
စပိန်တွင် အမျိုးသားတစ်ဦးအား သူ၏ဇနီးဟောင်း၊ ယောက္ခမနှင့် ခယ်မတို့အား ပစ်သတ်မှုဖြင့် ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။
17 Sep 2019

စပိန်နိုင်ငံ ဂါလီစီယာဒေသ ဗာလ်ဂါတွင် အမျိုးသားတစ်ဦးအား သူ၏ဇနီးဟောင်း၊ ယောက္ခမနှင့် ခယ်မတို့ကို ပစ်သတ်မှုဖြင့် ဖမ်းဆီးလိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ပစ်ခတ်မှုသည် တနင်္လာနေ့နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သူ၏ ဇနီးဟောင်းက ကလေးနှစ်ဦးအား ကျောင်းသို့ပို့ရန်ပြင်ဆင်နေစဉ် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရချိန်တွင် ကလေးငယ်နှစ်ဦးလည်း ကားထဲတွင် ရှိနေခဲ့ပြီး ဖြစ်စဉ်စဆုံးကို မြင်တွေ့ခဲ့ရသည်။
ပစ်သတ်ခံရသူ ဇနီးဟောင်းက အော်ဟစ်အကူအညီတောင်းခံသဖြင့် ထွက်လာကြသည့် ယောက္ခမနှင့် ခယ်မကိုပါ ပစ်သတ်လိုက်ခြင်းဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် ဟိုဆေးလူးဝစ် အာဘက်လူဖန်တေသည် ပစ်ခတ်မှုကျူးလွန်ပြီးနောက် သေနတ်ကို အနီးရှိမြစ်ထဲသို့ လွှင့်ပစ်ခဲ့ပြီး ၁၂ မိုင်ခန့်အကွာရှိ သူ၏နေအိမ်သို့ ပြန်သွားကာ ရဲတပ်ဖွဲ့ထံသို့ ဖုန်းဆက်ဝန်ခံခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

မစ္စတာအာဘက်သည် မကြာသေးမီက သူ၏ဇနီးဟောင်းထံ ကလေးနှစ်ဦးနှင့် တွေ့ခွင့်မရခြင်းအတွက် စွပ်စွဲပြစ်တင်သည့် မက်ဆေ့များ ပေးပို့ခဲ့ကြောင်း ဒေသခံသတင်းဌာနများတွင် ဖော်ပြသည်။ Facebook ပေါ်၌လည်း “မင်းက ငါ့ကို ကွာရှင်းခွင့်တောင်းတယ်၊ ငါ့ကလေးတွေနဲ့လည်း တွေ့ခွင့်မပေးဘူး” ဟု ရေးသားခဲ့ကြောင်း စပိန်ဘာသာဖြင့်ထုတ်ဝေသည့် အဲလ်မွန်ဒို သတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်၌ ကလေးနှစ်ဦးအား သူတို့၏ဦးလေးဖြစ်သူက စောင့်ရှောက်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။