တရုတ်တွင် ကျင်ဒေါင်းတစ်မြို့လုံးကို ဗိုင်းရပ်စ် စစ်ဆေး

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအချို့တွေ့ရှိခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးရှိ လူဦးရေကိုးသန်းကို ရက်အနည်းငယ်အတွင်း စစ်ဆေးနိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က အလျင်အမြန်ဆောင်ရွက် ခဲ့သည်။

By Foreign Desk 28 Oct 2020

 

ပုံစာ - ကျင်ဒေါင်းတစ်မြို့လုံးရှိ ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် အာဏာပိုင်များ ဆောင်ရွက်နေသည်ကို ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအချို့တွေ့ရှိခဲ့ပြီးနောက် မြို့တော်တစ်ခုလုံးရှိ လူဦးရေကိုးသန်းကို ရက်အနည်းငယ်အတွင်း စစ်ဆေးနိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က အလျင်အမြန်ဆောင်ရွက် ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရောဂါပိုးအား လူအစုလိုက်အပြုံလိုက် ကူးစက်ခံခြင်း အားဖြင့် ခုခံအားရရှိစေရန်အတွက် လုပ်ဆောင်ခြင်းသည် သိပ္ပံနည်းအားဖြင့်သာမက ကျင့်ဝတ် အားဖြင့်လည်း ပြဿနာရှိကြောင်းသတိပေးထားချိန်၌ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာပျံ့နှံ့လျက်ရှိပြီး ရောဂါကူးစက်ခံရမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၄၃ သန်း ကျော်လာပြီဖြစ်သည်။ ပထမလှိုင်းကူးစက်မှုကို ကျော်ဖြတ်နိုင်ခဲ့သည့် နိုင်ငံများ အထူးသဖြင့် ဥရောပနိုင်ငံအချို့သည်လည်း ကူးစက်မှုအသစ်များကို ထပ်မံရင်ဆိုင်နေရသည်။

ကာကွယ်ဆေး မထုတ်လုပ်နိုင်သေးသည့်အချိန်တွင် အစိုးရများသည် ဗိုင်းရပ်စ်ကူးစက်မှုကို သတိ မမူဘဲ လူထုတွင်း ရောဂါပိုးပျံ့နှံ့သွားမှုမရှိစေရန် သတိထားလုပ်ဆောင်နေကြသည်။

တရုတ်သည် အောက်တိုဘာ ၁၁ ရက်နေ့က ရောဂါကူးစက်မှုအနည်းငယ် တွေ့ရှိပြီးနောက်တွင် ကျင်ဒေါင်းရှိ ပြည်သူအားလုံးကို တစ်ပြိုင်တည်းစစ်ဆေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ကျင်ဒေါင်းတစ်မြို့လုံးတွင် လူဦးရေစုစုပေါင်း ၉ သန်းခွဲခန့် ရှိသည်။

မနက် ရှစ်နာရီကစပြီးဆောင်ရွက်ခဲ့တဲ့ မျိုးဗီဇစစ်ဆေးမှုမှာ နမူနာပေါင်း ၃.၀၈ သန်းကို ထုတ်ယူခဲ့ ပြီးပါပြီဟု မြို့တော်ကျန်းမာရေးကော်မရှင်က ၁၃ ရက်နေ့တွင် ပြောကြားခဲ့ပြီး ရောဂါပိုးကူးစက်ခံရသည့် လူနာသစ် မတွေ့ရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့အထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှု စုစု ပေါင်း ၄၃ သန်းကျော် ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သော အချက် အလက်များအရ သိရသည်။ သေဆုံးသူ စုစုပေါင်းမှာ ၁.၁ သန်းခွဲကျော်အထိ ရှိသွားပြီဖြစ်သည်။