- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများကို လော့ဒေါင်းချ
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များကို လက်ခံထားသည့် စခန်း ငါးခုကို တင်းကြပ်သော လော့ဒေါင်းစည်းကမ်းများ ချမှတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိများက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ခိုလှုံနေသူ စုစုပေါင်း ၁ သိန်းနီးပါး ရှိနေသည့် အဆိုပါစခန်း ငါးခုတွင် ကိုဗစ်ကူးစက်မှု အများအပြား ရုတ်တရက် တွေ့ရှိရပြီးနောက် ယခုကဲ့သို့ စည်းကမ်းတင်းကြပ်လိုက်ခြင်း ဖြစ်သည်။
22 May 2021

DMG ၊ မေ ၂၂
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော မွတ်ဆလင်ဒုက္ခသည်များကို လက်ခံထားသည့် စခန်း ငါးခုကို တင်းကြပ်သော လော့ဒေါင်းစည်းကမ်းများ ချမှတ်လိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိများက သောကြာနေ့တွင် ပြောကြားလိုက်သည်။ ခိုလှုံနေသူ စုစုပေါင်း ၁ သိန်းနီးပါး ရှိနေသည့် အဆိုပါစခန်း ငါးခုတွင် ကိုဗစ်ကူးစက်မှု အများအပြား ရုတ်တရက် တွေ့ရှိရပြီးနောက် ယခုကဲ့သို့ စည်းကမ်းတင်းကြပ်လိုက်ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းတွင် ဒုက္ခသည်စခန်းပေါင်း ၃၄ ခု ဖွင့်လှစ်ထားပြီး ထိုစခန်းများတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း တစ်သန်းနီးပါး နေထိုင်လျက်ရှိသည်။
ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက စခန်းများတွင် ကူးစက်မှုများ တွေ့ခဲ့ရသော်လည်း မဖြစ်စလောက် ပမာဏသာ ရှိသည်။ မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့ စစ်ဆေးမှုများ၌မူ ကူးစက်မှုများ မြင့်တက်လာသည်ကို တွေ့ရကြောင်း အစိုးရအရာရှိ ရှမ်ဆက်ဒူဇာက ပြောကြားသည်။ ကြာသပတေးနေ့တွင် ၂၄၇ ဦးကို စစ်ဆေးရာ ၄၅ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသည်ကို တွေ့ခဲ့ရသည်။
ရုတ်တရက် ထိုးတက်လာသော ကူးစက်မှုများကို ကာကွယ်ရန်အတွက် လော့ဒေါင်းစည်းကမ်းများ ချမှတ်လိုက်ရခြင်း ဖြစ်ကြောင်း ဒူဇာက ပြောကြားသည်။ ဒူဇာသည် အစိုးရ ဒုက္ခသည်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင် ဝန်ထမ်းဖြစ်သည်။
ကြာသပတေးနေ့တွင် စတင်အသက်ဝင်ခဲ့သည့် လော့ဒေါင်းစည်းကမ်းအရ စခန်းတွင်း နေထိုင်သူများသည် မဖြစ်မနေ လိုအပ်ချက်များမှလွဲ၍ စခန်းအချင်းချင်း ကူးလူးသွားလာခွင့် မရှိပေ။
“လော့ဒေါင်းစည်းကမ်းကို ဘယ်အချိန်ပြန်ရုတ်သိမ်းမလဲ မဆုံးဖြတ်ရသေးဘူး” ဟု ဒူဇာက ဖြည့်စွက်ပြောကြားသည်။
လတ်တလောတွင် ဒုက္ခသည်စခန်းများအတွင်း ကိုဗစ်စစ်ဆေးမှု ၄၁၅၀၀ ပြုလုပ်ခဲ့ပြီး ကူးစက်မှု ၈၆၄ ဦးရှိကြောင်း အတည်ပြုထားသည်။ သေဆုံးသူစုစုပေါင်း ၁၃ ဦးရှိသည်။
ဘင်္ဂလားဒေ့ရှ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံရာ၌ မွတ်ဆလင် ဒုက္ခသည်များကိုပါ ထည့်သွင်းထိုးနှံပေးမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ သန်း ၁၇၀ ရှိသည်။ အစိုးရသည် အိန္ဒိယထံမှ အက်စထရာဇီနီကာ ကိုဗစ်ဆေး သန်း ၃၀ ကို ယခုနှစ်အတွင်း ဝယ်ယူရန်စီစဉ်ထားသည်။ လက်ရှိအချိန်အထိ ၇ သန်း လက်ခံရရှိပြီး ဖြစ်ကာ လူဦးရေ ၂ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်သည်။