- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်မြို့ကြီးအများအပြားတွင် လော့ဒေါင်းစည်းကမ်းများ ချမှတ်ပြီး လူဦးရေသန်းနှင့်ချီ ကိုဗစ်စစ်ဆေး
တရုတ်နိုင်ငံတစ်ဝန်းတွင် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒဲလ်တာကိုဗစ်မျိုးစိတ် အကြီးကျယ်ဆုံး ပျံ့နှံ့လာမှုကို ရင်ဆိုင်နေရပြီး အာဏာပိုင်များသည် မြို့ကြီးအများအပြားတွင် ဧရာမများပြားလှသည့် ကိုဗစ်စစ်ဆေးမှုများ၊ ခရီးသွားလာခွင့် ပိတ်ပင်မှုများ ဆောင်ရွက်ကာ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားနေကြကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Aug 2021
DMG ၊ ဩဂုတ် ၄
တရုတ်နိုင်ငံတစ်ဝန်းတွင် လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒဲလ်တာကိုဗစ်မျိုးစိတ် အကြီးကျယ်ဆုံး ပျံ့နှံ့လာမှုကို ရင်ဆိုင်နေရပြီး အာဏာပိုင်များသည် မြို့ကြီးအများအပြားတွင် ဧရာမများပြားလှသည့် ကိုဗစ်စစ်ဆေးမှုများ၊ ခရီးသွားလာခွင့် ပိတ်ပင်မှုများ ဆောင်ရွက်ကာ ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားနေကြကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကူးစက်မြန် ဒဲလ်တာမျိုးစိတ်အား လက်ရှိအချိန်၌ တရုတ်မြို့ကြီး ၂၀ ကျော်နှင့် ခရိုင် တစ်ဒါဇင်ကျော်ထက်မနည်းတွင် စစ်ဆေးတွေ့ရှိထားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ဒေသတွင်း ကူစက်မှုစုစုပေါင်း ၅၅ ခု စစ်ဆေးတွေ့ရှိထားကြောင်း အာဏာပိုင်များ၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရသည်။
တနင်္ဂနွေနေ့ ထုတ်ပြန်ချက်တွင်လည်း နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှု အသစ် ၇၅ ခု တွေ့ရှိရပြီး ၎င်းတို့အနက် ၅၃ ခုမှာ ဒေသတွင်း ကူးစက်မှု ဖြစ်သည်။
ဘေကျင်းအပါအဝင် မြို့ကြီးများ၌ ဒေသအာဏာပိုင်များသည် လူဦးရေ သန်းနှင့်ချီ၍ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိရသူများနှင့် ဆက်နွယ်နေသည့် အိမ်ရာများနှင့် ဧရိယာများကိုလည်း လော့ဒေါင်းချကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
ဟူနန်ခရိုင် ကျန်ကျိုးမြို့တွင် ဒေသခံ ၁.၂ သန်းအား တနင်္လာနေ့မှစတင်၍ သုံးရက်ကြာ လော့ဒေါင်းချထားပြီး တစ်မြို့လုံးအတိုင်းအတာဖြင့် ကိုဗစ်စစ်ဆေးမှုများ၊ ကာကွယ်ဆေး ထိုးနှံမှုများ ဆောင်ရွက်နေကြောင်း ကျန်ကျိုး အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်ကျိုးအနီးရှိ ခရီးသွားဧရိယာတစ်ခုဖြစ်သော ကျန်ကျားကျီတွင်လည်း သောကြာနေ့မှ စတင်၍ မြို့နေလူထု ၁.၅ သန်းကို လော့ဒေါင်းချထားသည်။
ဘေကျင်းမြို့တော်သို့ ခရီးသွားများ ဝင်ရောက်ခွင့်ကိုလည်း လက်ရှိအချိန်၌ တားမြစ်ထားကာ မြို့နေလူထုအနေဖြင့်လည်း မလိုအပ်ဘဲ မြို့မှ ထွက်ခွာသွားလာခြင်းများ မပြုလုပ်ရန် အာဏာပိုင်များက တနင်္ဂနွေနေ့တွင် တားမြစ်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သော စနေနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေး ၁.၆၅ သန်းအထိ ထိုးနှံပေးထားပြီ ဖြစ်ကြောင်း ဘေကျင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ပြောကြားထားသည်။
တရုတ်ပြည်တွင် ကိုဗစ်ရောဂါ စတင်တွေ့ရှိခဲ့သည့် ၂၀၁၉ နှစ်ကုန်ပိုင်းမှ ယခုအချိန်အထိ တရားဝင် မှတ်တမ်း ရယူထားသည့် ကူးစက်မှုစုစုပေါင်း ၉၃၁၀၃ ခုရှိပြီး သေဆုံးသူ ၄၆၃၆ ဦးရှိသည်။