- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
မက္ကစီကိုအကျဉ်းထောင် ပစ်ခတ်မှု ၁၉ ဦးသေပြီး ၂၅ ဦး လွတ်မြောက်နေ
အမေရိကန်နယ်စပ်အနီး မက္ကစီကိုနိုင်ငံ ချီဟွာဟွာပြည်နယ် ဆီဒက်ဂွါရက်မြို့ရှိ (Ciudad Juared) အကျဉ်းထောင်တစ်ခုတွင် ဇန်နဝါရီလ ၁ ရက်နေ့က သေနတ်သမားနှစ်ဦးက ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
03 Jan 2023
ဓာတ်ပုံ - AFP
မက္ကစီကိုနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ခုအတွင်း ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများ အပါအဝင် ၁၉ ဦးသေဆုံးခဲ့ပြီး အကျဉ်းသား ၂၅ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း အစိုးရ၏ ဇန်နဝါရီလ ၂ ရက်နေ့ ပြောကြားချက်အရ သိရသည်။
အမေရိကန်နယ်စပ်အနီး မက္ကစီကိုနိုင်ငံ ချီဟွာဟွာပြည်နယ် ဆီဒက်ဂွါရက်မြို့ရှိ (Ciudad Juared) အကျဉ်းထောင်တစ်ခုတွင် ဇန်နဝါရီလ ၁ ရက်နေ့က သေနတ်သမားနှစ်ဦးက ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါပစ်ခတ်မှုအတွင်း သေနတ်သမားနှစ်ဦး အပါအဝင် အစောင့် ၁၀ ဦး၊ အကျဉ်းသား ၇ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး လူးဝစ်ခရစ္စဆန်ရှိုးဆန်ဒိုဗာက သတင်းထောက်များကို ပြောကြားသည်။
တနင်္ဂနွေနေ့က အကျဉ်းသားများနှင့် တွေ့ဆုံရန် မိသားစုဝင်များ စောင့်ဆိုင်းနေကြချိန်၌ သေနတ်သမားများသည် သံချပ်ကာကားများဖြင့် ရောက်ရှိလာကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ပစ်ခတ်မှုအတွင်း ဂွါရက်မူးယစ်ရာဇာများနှင့် အဆက်အသွယ်ရှိသည့် ရာဇဝတ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ အဲလ်နီတိုဟု လူသိများသူ အာနက်စတိုအဲလ်ဖရက်ဒိုပီနွန် အပါအဝင် အကျဉ်းသား ၂၅ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း လုံခြုံရေးဝန်ကြီး ရိုဆာအိုက်ဆလာရိုဒရီဂုက ပြောကြားသည်။
ပီနွန်သည် ပြန်ပေးဆွဲမှုနှင့် လူသတ်မှုတို့ကြောင့် ၂၀၁၀ ခုနှစ်တွင် ထောင်ဒဏ် နှစ်ပေါင်း ၂၀၀ ကျော် ချမှတ်ခံထားရသူ ဖြစ်ကြောင်း ချီဟွာဟွာပြည်နယ် အစိုးရရှေ့နေရုံးမှ သိရသည်။
မက္ကစီကိုနိုင်ငံရှိ အကျဉ်းထောင်များတွင် လူပြည့်ကျပ်မှုများနှင့် အကြမ်းဖက်မှုများ ရှိနေပြီး ပြီးခဲ့သည့်နှစ်များအတွင်း ရာဇဝတ်ဂိုဏ်းများအကြား အဓိကရုဏ်းများကြောင့် အခြေအနေ ပိုမို ဆိုးဝါးလာလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆီဒက်ဂွါရက်မြို့သည် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အဲလ်ပါဆိုမြို့နှင့် နယ်စပ်ချင်း ထိစပ်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်မှောင်ခိုများအကြား မကြာခဏဆိုသလို ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။ အဆိုပါမြို့ အကျဉ်းထောင်တွင်လည်း ထောင်ဖောက်မှုများ၊ ထောင်တွင်း အဓိကရုဏ်းများ ဖြစ်လေ့ရှိပြီး ၂၀၀၉ ခုနှစ် မတ်လက ဖြစ်စဉ်တစ်ခုအတွင်း လူ ၂၀ အထိ သေဆုံးခဲ့သည်။