- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာဒုက္ခသည်များအား လက်မခံဘဲ ပြန်လွှတ်ခိုင်းသည့်အမိန့် မဏိပူရအစိုးရ ပြန်လည်ရုတ်သိမ်း
မြန်မာဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်များအား ‘ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်လွှတ်ရန်’ အာဏာပိုင်များအား ညွှန်ကြားထားသည့် အမိန့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်လိုက်သည်။
02 Apr 2021

DMG ၊ ဧပြီ ၂
မြန်မာဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်များအား ‘ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်လွှတ်ရန်’ အာဏာပိုင်များအား ညွှန်ကြားထားသည့် အမိန့်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်လိုက်သည်။
မဏိပူရပြည်နယ် ပြည်ထဲရေးဌာနက အင်္ဂါနေ့တွင် ထပ်မံထုတ်ပြန်ချက်၌ ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များအားလုံးကို လူသားချင်းစာနာ ထောက်ထားရေး အကူအညီများ ပေးအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်အစိုးရသည် ပထမအမိန့်အား မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ရောဂါပြင်းထန်သည့် လူနာများအနေဖြင့် ဆေးဝါးကုသမှု ခံယူနိုင်သော်လည်း စခန်းချနေထိုင်ခွင့်ကို တားမြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ မြန်မာဘက်မှ ဝင်ရောက်လာသူ သို့မဟုတ် ဒုက္ခသည်အဖြစ် လျှောက်ထားသူများအား ယဉ်ကျေးစွာပြောဆိုပြီး ပြန်လည်စေလွှတ်ရမည်ဟုလည်း အမိန့်တွင် ဖော်ပြသည်။
မြန်မာဘက်မှ ခိုးဝင်လာသူများအား လက်မခံဘဲ ပြန်လွှတ်ရန် အိန္ဒိယဗဟိုအစိုးရက ညွှန်ကြားထားသော်လည်း မီဇိုရမ်ပြည်နယ် အစိုးရကမူ လက်ခံပြီး အကူအညီများ ပေးလျက်ရှိသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်သွားသူ စုစုပေါင်း ၁ ထောင်ကျော် ရှိနိုင်ကြောင်း မတ်လ ၂၀ ရက်နေ့က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံဘက်မှ ထိုင်းဘက်သို့ ထွက်ပြေးသူ ဒုက္ခသည်များကိုလည်း ထိုင်းလုံခြုံရေးတပ်များသည် လက်မခံဘဲ ပြန်လည်စေလွှတ်လျက်ရှိသည်။ မိမိတို့အနေဖြင့် ဒုက္ခသည်များ၏ အခွင့်အရေးကို လေးစားသော်လည်း အစုလိုက်အပြုံလိုက် ဝင်ရောက်လာမှုကို ရှောင်ရှားလိုကြောင်း ထိုင်းအစိုးရက ပြောကြားထားသည်။