- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မလေးရှားရေကြီးမှုကြောင့် ဒေါ်လာ ၁.၅ ဘီလီယံနီးပါးတန်ဖိုးအထိ ဆုံးရှုံးပျက်စီး
ပြီးခဲ့သော သီတင်းပတ်များအတွင်း မလေးရှားနိုင်ငံ ဧရိယာအများအပြားကို ပျက်စီးစေခဲ့သော ရေကြီးမှုများကြောင့် ခန့်မှန်းခြေ ရင်းဂစ် ၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံ) တန်ဖိုးခန့်အထိ ဆုံးရှုံးမှုရှိခဲ့ကြောင်း သောကြာနေ့တွင် ထုတ်ပြန်သည့် အစိုးရအစီရင်ခံစာ တစ်စောင်အရ သိရသည်။
31 Jan 2022

DMG ၊ ဇန်နဝါရီ ၃၁
ပြီးခဲ့သော သီတင်းပတ်များအတွင်း မလေးရှားနိုင်ငံ ဧရိယာအများအပြားကို ပျက်စီးစေခဲ့သော ရေကြီးမှုများကြောင့် ခန့်မှန်းခြေ ရင်းဂစ် ၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၆ ဘီလီယံ) တန်ဖိုးခန့်အထိ ဆုံးရှုံးမှုရှိခဲ့ကြောင်း သောကြာနေ့တွင် ထုတ်ပြန်သည့် အစိုးရအစီရင်ခံစာ တစ်စောင်အရ သိရသည်။
ဒီဇင်ဘာလလယ်နှင့် ဇန်နဝါရီလအစောပိုင်းတွင် ပြည်နယ်အများအပြား၌ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်းထန်သောရေကြီးမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။
ရေကြီးမှုကြောင့် သက်ရောက်မှုဆိုင်ရာ အထူးအစီရင်ခံစာတွင် ပြည်သူ့ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာ ရင်းဂစ် ၂ ဘီလီယံတန်ဖိုးရှိပြီး နေအိမ်များ ပျက်စီးဆုံးရှုံးမှုမှာ ရင်းဂစ် ၁.၆ ဘီလီယံခန့်ရှိကြောင်း စာရင်းအင်းဌာနက ပြောကြားသည်။
ကုန်ထုတ်လုပ်မှု ဆုံးရှုံးမှုသည် ရင်းဂစ်သန်း ၉၀၀ ရှိပြီး အများစုသည် မြို့တော်ကွာလာလမ်ပူအနီးရှိ နိုင်ငံ၏အချမ်းသာဆုံးနှင့် လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်သည့် ဆီလန်ဂေါ ဗဟိုပြည်နယ်မှ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဆီလန်ဂေါပြည်နယ်သည် ယေဘုယျအားဖြင့် ထိခိုက်မှုုကို အဆိုးရွားဆုံးခံစားခဲ့ရပြီး မလေးရှားနိုင်ငံ၏ ဆုံးရှုံးမှု ထက်ဝက်ခန့်သည် ဆီလန်ဂေါပြည်နယ်မှ ဖြစ်ကြောင်း ၎င်းအစီရင်ခံစာက ဆိုသည်။
မော်တော်ယာဉ်များ၊ လုပ်ငန်းခွင်များနှင့် လယ်ယာကဏ္ဍတို့လည်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ကြောင်း စာရင်းအင်းဌာနက သတင်းထုတ်ပြန်ထားသည်။
ရေဘေးဒဏ်ခံခဲ့ရသူများအတွက် ငွေသားအထောက်အပံ့ ရင်းဂစ် ၁.၄ ဘီလီယံ (ဒေါ်လာ ၃၃၄.၃၇ သန်း) ခန့်နှင့်အတူ အခြားသော ကယ်ဆယ်ရေးအထောက်အပံ့များ ပေးအပ်မည်ဟု မလေးရှားအစိုးရက မကြာသေးမီက ပြောကြားထားသည်။