- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
မက္ကစီကိုမှာ ပြင်းထန်အပူဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိ
မက္ကစီကိုနိုင်ငံတွင် ပြင်းထန်လွန်းသည့် အပူရှိန်ကြောင့် ဇွန်လအတွင်း သေဆုံးသူအရေအတွက်သည် ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်း အစိုးရ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Jun 2023
မက္ကစီကိုနိုင်ငံတွင် ပြင်းထန်လွန်းသည့် အပူရှိန်ကြောင့် ဇွန်လအတွင်း သေဆုံးသူအရေအတွက်သည် ၁၀၀ ကျော်အထိ ရှိခဲ့ကြောင်း အစိုးရ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇွန်လ ၁၂ ရက်မှ ၂၅ ရက်အတွင်း မက္ကစီကိုနိုင်ငံတစ်ဝန်းတွင် အပူဒဏ်နှင့် ဆက်နွယ်သည့် အရေးပေါ်အခြေအနေများ ရင်ဆိုင်ခဲ့ရသူ ၁၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၁၀၄ ဦး သေဆုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် ဖော်ပြထားသည်။
သေဆုံးရသည့် အဓိကအကြောင်းရင်းမှာ ရေဓာတ်ခန်းခြောက်မှုနှင့်အတူ အပူလျှပ်ခြင်းကြောင့် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတု ကပြောင်းကပြန် ဖြစ်စဉ်များသည် ပိုမိုဆိုးရွားလာနေကြောင်း ပညာရှင်များက သတိပေးထားကြပြီး ကမ္ဘာ့နိုင်ငံအမျာအပြားမှာလည်း စံချိန်တင် အပူချိန်မြင့်မားမှုဒဏ်နှင့် ရင်ဆိုင်နေကြရသည်။
မက္ကစီကိုတွင် နှစ်စဉ် နွေရာသီကာလအတွင်း ပျဉ်းမျှ အပူချိန်သည် ၃၀ နှင့် ၄၅ ဒီဂရီဆဲစီးယပ်ကြားတွင် ရှိသည်။ ယခုသီတင်းပတ်အတွင်း နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဆိုနိုရာပြည်နယ်တွင် အပူဒဏ်သည် ၄၉ ဒီဂရီ ဆဲစီးယပ်အထိ မြင့်တက်ခဲ့သည်။
မက္ကစီကိုတွင် အပူလှိုင်းများကို ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နှင့် မေလ ၃၁ ရက်အတွင်း၌ သေဆုံးသူ ၈ ဦးရှိခဲ့သည်။
လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ နောက်ထပ်အပူလှိုင်းတစ်ခု ထပ်မံရင်ဆိုင်ရဖွယ် ရှိနေကြောင်း အာဏာပိုင်များက သတိပေးထားသည်။
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် အယ်နီညိုရာသီဥတုတို့ ပေါင်းဆုံပြီး အပူရှိန် မြင့်တက်လာသည့်အတွက် သက္ကရာဇ် ၂၀၂၃ မှ ၂၀၂၇ အထိ ငါးနှစ်တာအတွင်း အပူရှိန်သည် စံချိန်တင် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလုနီးပါး မြင့်တက်နိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ပြီးခဲ့သော မေလတွင် သတိပေးပြောကြားထားသည်။