- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်မှာ တစ်နေ့တာကိုဗစ်ကူးစက်မှု ၂ နှစ်အတွင်း အမြင့်ဆုံးစံချိန်တင်
တရုတ်ပြည်တွင် တနင်္ဂနွေနေ့က တစ်နေ့တာ ပြည်တွင်းကူးစက်မှုသည် ၂၁၄ ဦးအထိရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရသည်။
07 Mar 2022

DMG ၊ မတ်လ ၇ ရက်
တရုတ်ပြည်တွင် တနင်္ဂနွေနေ့က တစ်နေ့တာ ပြည်တွင်းကူးစက်မှုသည် ၂၁၄ ဦးအထိရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ တနင်္လာနေ့ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်အစိုးရသည် ၂၀၂၀ ခုနှစ် မတ်လမှစတင်၍ ပြည်တွင်းကူးစက်မှုနှင့် ပြည်ပမှ ဝင်ရောက်လာသူများအကြား ကူးစက်မှုကို ခွဲခြားပြီး စာရင်းယူခဲ့သည်။
ယခု ပမာဏသည် ၂ နှစ်ခန့်ကာလအတွင်း တစ်ရက်တာ ကူးစက်မှု အမြင့်ဆုံး စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်သည်။
တရုတ်အစိုးရသည် ပြည်တွင်းကိုဗစ်ကူးစက်မှု လုံးဝမရှိစေရေး မူဝါဒကို ကိုင်စွဲထားသည်။ ကူးစက်မှု တစ်စုံတစ်ရာ ပေါ်လာပါကလည်း ဒေသခံအာဏာပိုင်များသည် မြန်မြန်ဆန်ဆန် ခြေရာခံပြီး ကူးစက်သူများနှင့် ၎င်းတို့နှင့် ဆက်နွယ်နေသူများအားလုံးကို ကွာရန်တင်းသွင်းခြင်း၊ ကူးစက်ရာဒေသများကို ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် တစ်မြို့လုံးကို ရက်ပိုင်း လော့ဒေါင်းချခြင်းမျိုးအထိ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လျက်ရှိသည်။
တရုတ်နိုင်ငံ၌ ပြည်တွင်းကူးစက်မှု နှုန်းထားသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးသည့် ပမာဏသာရှိသည်။
တနင်္ဂနွေနေ့က စစ်ဆေးတွေ့ရှိခဲ့ရသူ ၂၁၄ ဦးအနက် အများစုမှာ ကွမ်တုံ၊ ကျီလင်နှင့် ရှန်တုံခရိုင်များမှ ဖြစ်သည်။
နိုင်ငံတွင်း ကိုဗစ်ကြောင့်သေဆုံးမှု ထပ်မံမြင့်တက်လာခြင်း မရှိသေးဘဲ ၄၆၃၆ ဦးသာရှိသည်။
တရုတ်တွင် ကိုဗစ်ကူးစက်မှု စတင်ချိန်မှ ၂၀၂၂ မတ်လ ၆ ရက်နေ့အထိ အတည်ပြုထားသော ကူးစက်မှုစုစုပေါင်းသည် ၁၁၁၁၉၅ ရှိသည်။