- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေ
ထိုင်းနိုင်ငံတွင် ယနေ့ (တနင်္ဂနွေ၊ ဇွန် ၂၇) ထုတ်ပြန်ချက်အရ စနေနေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၃၉၉၅ ခုရှိခဲ့ပြီး သေဆုံးသူ ၄၂ ဦးရှိခဲ့သည်။ ကူးစက်မှု ၄၅ ဦးမှာ အကျဉ်းထောင်များအတွင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်တွင် ကူးစက်မှု အမြင့်ဆုံး ဖြစ်ပြီး ၁၃၇၀ အထိ ရှိသည်။
27 Jun 2021
DMG ၊ ဇွန် ၂၈
ထိုင်းနိုင်ငံတွင် ယနေ့ (တနင်္ဂနွေ၊ ဇွန် ၂၇) ထုတ်ပြန်ချက်အရ စနေနေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၃၉၉၅ ခုရှိခဲ့ပြီး သေဆုံးသူ ၄၂ ဦးရှိခဲ့သည်။ ကူးစက်မှု ၄၅ ဦးမှာ အကျဉ်းထောင်များအတွင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်တွင် ကူးစက်မှု အမြင့်ဆုံး ဖြစ်ပြီး ၁၃၇၀ အထိ ရှိသည်။
ကူးစက်မှုများ တောက်လျှောက် မြင့်တက်လာနေသဖြင့် မြို့တော် ဘန်ကောက်အပါအဝင် ပတ်ပတ်လည်ရှိ ခရိုင်ငါးခုတွင် မနက်ဖြန် (တနင်္လာ) မှစတင်၍ ရက် ၃၀ ကြာ အသက်ဝင်မည့် ကိုဗစ်ကန့်သတ်ချက် စည်းကမ်းအသစ်များ ချမှတ်ထားသည်။
စည်းကမ်းအသစ်များအရ လူ ၂၀ ထက်ပိုမစုရသလို ကုန်တိုက်များကိုလည်း ညဉ့် ၉ နာရီထက် နောက်မကျဘဲ ပိတ်ရမည် ဖြစ်ကာ စားသောက်ဆိုင်များတွင်လည်း ထိုင်စားခွင့် မရှိပေ။
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု ၅၀၀၄၀ ရှိပြီး သေဆုံးသူစုစုပေါင်း ၁၂၅၀ ဦးရှိကြောင်း အာဏာပိုင်များက ယနေ့ (တနင်္ဂနွေ) ထုတ်ပြန်သည်။
အိန္ဒိယတွင် အထူးပျံ့နှံ့နေသည့် ကိုဗစ်မျိုးစိတ် ဒဲလ်တာပလပ်စ် (Delta Plus) သည် ကူးစက်နိုင်စွမ်း ပိုမြင့်လာနေပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်နယ်များအား ကိုဗစ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံး ပြည်နယ်ဖြစ်သည့် မဟာရသျှတ္တရပြည်နယ်တွင် ဒဲလ်တာမျိုးစိတ်သစ် ကူးစက်မှု ၂၀ ထက်မနည်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်တွင် ပြည်နယ်အစိုးရက ဈေးဝယ်စင်တာများနှင့် ရုပ်ရှင်ရုံများကို ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတွင်း ကူးစက်မှုသည် သုံးသိန်းကျော် လေးသိန်းအထိ မြင့်တက်ခဲ့ရာမှ ပြီးခဲ့သော သီတင်းပတ်မှစတင်၍ ကူးစက်မှု ကျဆင်းလျက်ရှိသည်။
မဟာရသျှတ္တရ အပါအဝင် ပြည်နယ်အများအပြားသည်လည်း ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် ကိုဗစ်ကန့်သတ်ချက် စည်းကမ်းများအား ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျှော့လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်တွင် စနေနေ့ အရှေ့ပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် စုစုပေါင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၇ ဦးရှိခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်စည်းကမ်း အသစ်များကို တနင်္လာနေ့မှ စတင်ချမှတ်မည်ဖြစ်ကာ ရုံးဌာနများကို တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး များကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံတွင် စနေနေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၅ ဦးရှိသည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁၆ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေး ၁.၁၆၅ ဘီလျံ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့(တနင်္ဂနွေ) ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၅ ရက်နေ့ ည ၈ နာရီမှ ၂၆ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၅၅၅၅ ခု စစ်ဆေးရာတွင် ကိုဗစ်လူနာအသစ် ၇၈၃ ဦး တွေ့ရှိရပြီး သေဆုံးသူ ၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကမ္ဘာတစ်ဝန်းတွင် ဇွန်လ ၂၇ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း သန်း ၁၈၀ ကျော် ရှိပြီး သေဆုံးသူစုစုပေါင်း ၃.၉ သန်း ရှိနေပြီဖြစ်သည်။