- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
အိန္ဒိယခရီးသည်များ လိုက်ပါလာသည့် ဘတ်စ်ကား နီပေါတွင် မြစ်ထဲပြုတ်ကျပြီး ၂၇ ဦးထက်မနည်း သေဆုံး
အိန္ဒိယခရီးသည် ၄၁ ဦးနှင့်အတူ ယာဉ်လိုင်းဝန်ထမ်း နှစ်ဦး လိုက်ပါလာသည့် အဆိုပါကားသည် နီပေါနိုင်ငံ ပိုခါရာမြို့မှ ခတ္တမန္ဒုမြို့သို့ ထွက်ခွာလာစဉ် မြစ်ရေလျှံနေသည့် မာဆယန်ဒိမြစ်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်သည်။
24 Aug 2024
အိန္ဒိယခရီးသည်များ လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးသည် သြဂုတ်လ ၂၃ ရက်နေ့က နီပေါနိုင်ငံတွင် မြစ်ထဲ ပြုတ်ကျခဲ့သဖြင့် လူ ၂၇ ဦး သေဆုံးသွားကြောင်း နီပေါရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
အိန္ဒိယခရီးသည် ၄၁ ဦးနှင့်အတူ ယာဉ်လိုင်းဝန်ထမ်း နှစ်ဦး လိုက်ပါလာသည့် အဆိုပါကားသည် နီပေါနိုင်ငံ ပိုခါရာမြို့မှ ခတ္တမန္ဒုမြို့သို့ ထွက်ခွာလာစဉ် မြစ်ရေလျှံနေသည့် မာဆယန်ဒိမြစ်ထဲသို့ ပြုတ်ကျသွားခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများသည် သံမဏိလှေကားများ သုံးကာ မြစ်ထဲသို့ ခက်ခက်ခဲခဲ ဆင်းခဲ့ရပြီး ရေနစ်နေသူများကိုလည်း ကြိုးများဖြင့် ဆွဲတင်ခဲ့ရခြင်း ဖြစ်သည်။
ခရီးသည်များအနက် ၂၇ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၆ ဦးရှိကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ရှိုင်လန်ဒရာသာပါက ပြောကြားသည်။ ဆေးရုံတွင် ဒဏ်ရာရသူများအနက် ၁၂ ဦးမှာ ပြင်းထန်ပြီး ခတ္တမန္ဒုသို့ လေကြောင်းမှတစ်ဆင့် သယ်ယူသွားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်အတွက် အိန္ဒိယဘက်မှ ပူးပေါင်းဆောင်ရွက်နိုင်ရန် အဆိုပါခရီးသည်တင်ကား စတင်ထွက်ခွာလာသည့် အူတာပရာဒက်ရှ် ပြည်နယ်မှ အရာရှိတစ်ဦးကို စေလွှတ်ထားသည်ဟု ANI သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။