- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဗြိတိန်တွင် အကြီးအကျယ်ပြန့်ပွားနေသည့် ကူးစက်မြန် ကိုရိုနာမျိုးစိတ်သစ် စင်ကာပူတွင်တွေ့
ဗြိတိန်တွင် အကြီးအကျယ် ပျံ့နှံ့လျက်ရှိသော ကူးစက်နှုန်း မြန်ဆန်သည့် ကိုရိုနာမျိုးစိတ်အသစ်ကို စင်ကာပူတွင် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ဦးထံတွင် စစ်ဆေးတွေ့ရှိရကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Dec 2020
ဗြိတိန်တွင် အကြီးအကျယ် ပျံ့နှံ့လျက်ရှိသော ကူးစက်နှုန်း မြန်ဆန်သည့် ကိုရိုနာမျိုးစိတ်အသစ်ကို စင်ကာပူတွင် ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ဦးထံတွင် စစ်ဆေးတွေ့ရှိရကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါအမျိုးသမီးသည် ယခုလအစောပိုင်းတွင် ဗြိတိန်မှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားသည်။
အသက် ၁၇ နှစ်အရွယ် အဆိုပါမိန်းကလေးသည် ကွာရန်တင်းဝင်နေစဉ် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ နောက်ဆက်တွဲ စစ်ဆေးချက်များအရ ဗိုင်းရပ်အမျိုးအစားမှာ B117 မျိုးကွဲဖြစ်နေသည်ကို တွေ့ရှိရခြင်းဖြစ်သည်။
စင်ကာပူကျန်းမာရေးဝန်ကြီးဌာနသည် ဥရောပမှ ပြန်ရောက်လာသူများအနက် ပိုးတွေ့သူ နောက်ထပ် ၁၁ ဦး၏ ဆေးစစ်ချက်ရလဒ်များကိုလည်း စောင့်ကြည့်နေသည်ဟု သတင်းကဆိုသည်။
သို့သော်လည်း B117 မျိုးစိတ်သည် စင်ကာပူလူထုအကြား ပျံ့နှံ့နေသည့် အထောက်အထားတော့ လက်ရှိအချိန်အထိ မတွေ့ရသေးကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။
စင်ကာပူသည် နိုင်ငံတွင်း အမြဲတမ်းနေနိုင်ခွင့် မရှိသည့် ပြည်ပနိုင်ငံသားများ အနက် မကြာသေးမီကမှ ဗြိတိန်သို့ ခရီးသွားခဲ့သူများအား နိုင်ငံတွင်းဝင်ရောက်ခွင့် တားမြစ်ထားသည်။
စင်ကာပူနိုင်ငံတွင် ၂၀၂၀ ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၅၈,၄၉၅ ရှိပြီး သေဆုံးသူ ၂၉ ဦးရှိသည်။
ကမ္ဘာတစ်ဝန်းတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ကူးစက်မှုစုစုပေါင်း ၇၉ သန်းနီးပါးရှိပြီး သေဆုံးသူစုစုပေါင်း ၁.၇ သန်းကျော်သွားပြီ ဖြစ်သည်။
ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း မိသားစုတွေ့ဆုံမှုများ၊ ပျော်ပွဲရွှင်ပွဲများ ရှိလာနိုင်သောကြောင့် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။
ပုံစာ - ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် စင်ကာပူသို့ ပထမဆုံးအသုတ် ရောက်ရှိလာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)