- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
နီပေါတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း လျော့ကျလာသောကြောင့် စာသင်ကျောင်းများ ပြန်ဖွင့်ပေးရန်တောင်းဆို
ကိုဗစ် ၁၉ ကူးစက်မှုနှုန်း စတင်လျော့ကျလာသည်နှင့်အမျှ သီတင်းပတ်ပေါင်းများစွာ ပိတ်ထားခဲ့ရသည့် နီပေါရှိ စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးရန် အစိုးရအား တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၉
ကိုဗစ် ၁၉ ကူးစက်မှုနှုန်း စတင်လျော့ကျလာသည်နှင့်အမျှ သီတင်းပတ်ပေါင်းများစွာ ပိတ်ထားခဲ့ရသည့် နီပေါရှိ စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ပေးရန် အစိုးရအား တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကျောင်းသားအများစုမှာ သူတို့၏ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေကြရသလို အွန်လိုင်းပညာရေးစနစ်သည်လည်း ဟိမဝန္တာနိုင်ငံ၏ မြို့ပြဧရိယာများတွင် နေထိုင်ကြသော လူဦးရေ အနည်းစု အတွက်သာဖြစ်သည်ဟု ဆရာ၊ ဆရာမများက ပြောကြားသည်။
ပြီးခဲ့သော သီတင်းပတ်များက အိုမီခရွန်မျိုးကွဲကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းသည် အရှိန်အဟုန်ဖြင့် အမြင့်မားဆုံးဖြစ်ခဲ့ပြီး လွန်ခဲ့သောရက်အနည်းငယ်ကမှ ကူးစက်မှုနှုန်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
"ကျောင်းတွေ ပြန်ဖွင့်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီ။ ကျောင်းသားတွေကလည်း ကျောင်းပြန်တက်ဖို့ စိတ်အားထက်သန်နေကြတယ်။ အုပ်ထိန်းသူတွေကလည်း သူတိုရဲ့ ကလေးတွေကို ကျောင်းပို့ဖို့ ဆန္ဒရှိနေတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် ကျဆင်းလာနေတဲ့အတွက် အစိုးရက ကျောင်းတွေကို ဆက်လက်ပိတ်ပင်ဖို့ အကြောင်းပြချက်မရှိဘူး" ဟု နီပေါပုဂ္ဂလိကနှင့် ဘော်ဒါဆောင်ကျောင်းများအဖွဲ့ ဥက္ကဋ္ဌ တီကာရမ်ပူရီက ပြောကြားသည်။ လာမည့်ရက်သတ္တပတ်တွင် ကျောင်းများ ပြန်ဖွင့်စေချင်သည်ဟုလည်း ဥက္ကဋ္ဌက ဆက်ပြောသည်။
နီပေါနိုင်ငံသည် ကျောင်းသားများနှင့် အသက် ၁၂ နှစ်နှင့် အထက်ကလေးများ အပါအဝင် လူဦးရေ၏ ၅၂ ရာခိုင်နှုန်းကို ကာကွယ်ဆေး အပြည့်ထိုးနှံပြီးဖြစ်သည်။ နီပေါတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန် ကတည်းက အတည်ပြုထားသော ကူးစက်ခံရသူပေါင်း ၁ သန်းကျော်နှင့် သေဆုံးသူ ၁၁,၈၀၃ ဦးရှိသည်။
ဗိုင်းရပ်စ်ကူးစက်မှု စံချိန်တင်မြင့်တက်ခဲ့သောကြောင့် အစိုးရက ပြီးခဲ့သည့်လတွင် ကန့်သတ်မှုများ တင်းတင်းကျပ်ကျပ်ချမှတ်ခဲ့သည်။ စာသင်ကျောင်းများ ပိတ်ထားရပြီး ပြည်သူများအား လူအများ ကြားသွားလာရာတွင် ကာကွယ်ဆေးထိုးနှံပြီးကြောင်း သက်သေခံကတ်များ ဆောင်ထားရန် အမိန့်ထုတ်ခဲ့ပြီး ဘာသာရေး ပွဲတော်များကို တားမြစ်၍ ရုပ်ရှင်ရုံများကိုလည်း ပိတ်ထားခဲ့သည်။ ကုန်တိုက်များ၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များတွင် လူအကန့်အသတ်ဖြင့်သာ ဝင်ရောက်စားသောက်ခွင့်ရှိသလို ၎င်းတို့အားလုံးလည်း နှာခေါင်းစည်းတပ်ဆင်မှသာ ဝင်ခွင့်ရှိသည်။ ကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းမည့် အချိန်ကို တိတိပပ သတ်မှတ်မကြေညာထားပေ။
အစိုးရသည် ယာဉ်များကိုလည်း လိုင်စင်နံပါတ် မဂဏန်းနှင့် စုံဂဏန်းတို့ကို ရက်အလှည့်ကျ သွားလာခွင့်ပြုခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ကန့်သတ်ထားသည်။