- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်အလယ်ပိုင်းတွင် အမျိုးအမည်မသိ ရောဂါပိုးတစ်မျိုး ပျံ့နှံ့
တရုတ်အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် နမိုးနီးယား အဆုတ်ရောင်ရောဂါတစ်မျိုးအား စစ်ဆေးမည့်အစီအစဉ်များ စတင်လိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Jan 2020
တရုတ်အာဏာပိုင်များသည် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် နမိုးနီးယား အဆုတ်ရောင်ရောဂါတစ်မျိုးအား စစ်ဆေးမည့်အစီအစဉ်များ စတင်လိုက်ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၃ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၄၄ ဦးတွေ့ရှိထားပြီး ၎င်းတို့ထဲမှ ၁၁ ဦးမှာ ရောဂါပြင်းထန်ကြောင်း တရုတ်အရာရှိများက ဇန်နဝါရီလ ၃ ရက်၊ သောကြာနေ့တွင် ပြောကြားထားသည်။
စင်ကာပူနှင့် ဟောင်ကောင်တို့တွင်လည်း ဝူဟန်မှ လာရောက်သည့် ခရီးသွားများအား စစ်ဆေးလျက်ရှိပြီး ဟောင်ကောင်တွင် ဇန်နဝါရီလ ၄ ရက်နေ့၌ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း The Straits Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုရောဂါသည် ဆားစ် (SARS) နှင့် ဆက်စပ်နိုင်ကြောင်း စိုးရိမ်မှုများလည်း အွန်လိုင်းပေါ်တွင် ဖော်ပြလျက်ရှိကြသည်။
ယခုဖြစ်ပွားနေသည့် ရောဂါအား အလွယ်တကူ ကူးစက်နိုင်သော ရောဂါအဖြစ် ခန့်မှန်းရေးသားမှုများလည်း လူမှုကွန်ရက်များပေါ်တွင် ရှိနေသည်။
အင်တာနက်ပေါ်မှ သတင်းမှားများအား မစိစစ်ဘဲ ဖြန့်ဝေမှုဖြင့် အပြစ်ပေးထားသူ ၈ ဦးရှိပြီဟု ဝူဟန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဝူဟန်း ကျန်းမာရေးကော်မရှင်က သောကြာနေ့တွင် ပြောကြားသည်။
ယခုရောဂါသည် တုပ်ကွေး၊ H5N1 နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအပါအဝင် ကူးစက်ရောဂါအများအပြားနှင့် ဆက်စပ်မှုမရှိကြောင်း ကော်မရှင်၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။ ဆားစ်ရောဂါနှင့် ဆက်စပ်ခြင်းရှိ မရှိကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
လူအချင်းချင်း ကူးစက်ရောဂါ ဖြစ်ပွားခြင်းမဟုတ်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသော်လည်း ရောဂါဖြစ်ပွားသူအများအပြားမှာ ပင်လယ်စာများရောင်းချသည့် ဈေးမှ အလုပ်သမားများဖြစ်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောခွင့်ရတစ်ဦးက ဖြစ်ပွားမှုကို သိရှိထားကြောင်း၊ တရုတ်အစိုးရနှင့် ဆက်သွယ်ထားကြောင်း ပြောကြားသည်။
“နမိုးနီးယား အဆုပ်ရောင်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ သူက ဆားစ်ရောဂါထက်တောင် ပိုအဖြစ်များသေးတယ်” ဟု အဆိုပါ ပြောခွင့်ရသူက ဆိုသည်။
၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များ၌ တရုတ်ပြည်မှ စတင်ဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် လူ ၇၀၀ ကျော် သေဆုံးခဲ့ရသည်။