နယူးဇီလန်တွင် ၆ လအတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှုတစ်ခု စစ်ဆေးတွေ့ရှိ
၂၀၂၁ ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ ပြည်တွင်း ကိုဗစ်ကူးစက်မှုများ ရပ်တန့်နေခဲ့သည့် နယူးဇီလန်နိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ပြည်တွင်းကူးစက်မှုတစ်ခုအား တွေ့ရှိထားကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
17 Aug 2021
DMG ၊ ဩဂုတ် ၁၇
၂၀၂၁ ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်၍ ပြည်တွင်း ကိုဗစ်ကူးစက်မှုများ ရပ်တန့်နေခဲ့သည့် နယူးဇီလန်နိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ပြည်တွင်းကူးစက်မှုတစ်ခုအား တွေ့ရှိထားကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
နိုင်ငံ၏ အကြီးဆုံးမြို့တော် အော့ကလန်၌ ကူးစက်မှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။
အဆိုပါကူးစက်မှုအား မည်ကဲ့သို့ တုံ့ပြန်ဖြေရှင်းမည်ကို ဝန်ကြီးများ အင်္ဂါနေ့နှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေးဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရချိန်၌ နယူးဇီလန်သည် ကပ်ဘေးကြီးအပေါ် ထိရောက်သည့်တုံ့ပြန်မှု များကြောင့် ချီးကျူးခဲ့ရသလို နိုင်ငံတွင် သေဆုံးသူလည်း ၂၆ ဦးသာရှိသည်။
သို့သော်လည်း လူဦးရေ ၅ သန်းရှိသည့် နယူးဇီလန်တွင် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားရသေးသည်။
ဓာတ်ပုံ - AFP
ဆက်စပ်ဖတ်ရှုရန်
- နယူးဇီလန်မှာ စံချိန်တင် မိုးကြီးရေလျှံပြီး သုံးဦးသေ တစ်ဦးပျောက်ဆုံးနေ
- နယူးဇီလန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုပြင်းထန်သည့် ဥပဒေများ တင်သွင်း
- နယူးဇီလန် ကျွန်းဖြူမီးတောင်ပေါက်ကွဲမှု သေဆုံးသူ ၈ ဦးအထိရှိနေပြီး ထပ်မံမြင့်တက်ဖွယ်ရှိနေ
- နယူးဇီလန်တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ငါးဦးသေ၊ အများအပြား ပျောက်ဆုံးနေ
မြန်မာ့ရေးရာ
ရိုဟင်ဂျာဘေးကင်းဇုန်ဆိုတာ သံတမန်ရေး ကစားကွက်လား
By Admin 21 Dec 2024
အကြီးအကျယ် ခြေလှမ်းမှားသွားနိုင်တဲ့ တရုတ်လုံခြုံရေး အစီအစဉ်
By Admin 17 Dec 2024
မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ရပ် ယခုသီတင်းပတ်အတွင်း ထိုင်းမှာကျင်းပရန်ရှိ
By Admin 16 Dec 2024
စစ်ကောင်စီကို တရုတ်ဘက်က ဘယ်အထိ ကူညီစောင်မနေဦးမှာလဲ
By Admin 15 Dec 2024
မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
By Admin 11 Dec 2024
ထိပ်တန်း သတင်းများ
-
တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
-
ပုဏ္ဏားကျွန်း နားဒေါင်းကျ စစ်ဘေးရှောင်များ အကူအညီမဲ့နေ
-
ရခိုင်တွင် ဒေသထွက်ပန်းများ ရောင်းအားကောင်းနေ
-
စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံတဝန်းတွင် လစဉ် အရပ်သား ရာနဲ့ချီသေဆုံးနေ
-
AA စစ်ရေးအောင်မြင်တာ ဘာကြောင့်လဲ
-
ဂွမြို့ သုံးပုံနှစ်ပုံကို AA သိမ်းပိုက်ထား