- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အင်ဒိုနီးရှားမြေပြိုမှု သေဆုံးသူ ၂၃ ဦးအထိမြင့်တက်
ဂိုရွန်တာလိုပြည်နယ် ဆူဝါနာခရိုင်တွင် မိုးသည်းထန်မှုကြောင့် မြေပြိုကျရာမှ ယခုဖြစ်ရပ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ မြေပြိုမှုကြောင့် ရွှေတွင်းအပါအဝင် အနီးတဝိုက်တွင် နေထိုင်ကြသူများပါ အန္တရာယ်ကြုံခဲ့ရသည်။
10 Jul 2024
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းရှိ တရားမဝင် ရွှေတွင်းတစ်ခုတွင် ဇူလိုင်လ ၇ ရက်နေ့က မြေပြိုကျမှု ဖြစ်ပွားရာမှ သေဆုံးသူ အရေအတွက်သည် လက်ရှိအချိန်အထိ ၂၃ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂိုရွန်တာလိုပြည်နယ် ဆူဝါနာခရိုင်တွင် မိုးသည်းထန်မှုကြောင့် မြေပြိုကျရာမှ ယခုဖြစ်ရပ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ မြေပြိုမှုကြောင့် ရွှေတွင်းအပါအဝင် အနီးတဝိုက်တွင် နေထိုင်ကြသူများပါ အန္တရာယ်ကြုံခဲ့ရသည်။
“ဒီနေ့မွန်းလွဲပိုင်းအထိ သေဆုံးသူ ၂၃ ဦးရှိပြီး ၃၅ ဦးကိုတော့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ လွတ်မြောက်လာသူ စုစုပေါင်း ၆၆ ဦးရှိပါတယ်” ဟု ဂိုရွန်တာလို ရှာဖွေကယ်ဆယ်ရေးဌာနမှ အရာရှိတစ်ဦးဖြစ်သူ အိုက်ဒါ ဘာဂုညိုမန်း ဂူရာ အက်စရာမာက အင်္ဂါနေ့က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားထားသည်။
ပြီးခဲ့သောနှစ်ရက်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရဲနှင့် စစ်သားများ အပါအဝင် လူပေါင်း ၂၇၀ ကျော် အသုံးပြုခဲ့သည်ဟု အိုက်ဒါက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မကြာခဏဆိုသလို မြေပြိုမှုများ ဖြစ်ပွားလေ့ရှိသည်။ အာဏာပိုင်များ ကြပ်မတ်စစ်ဆေးရန် အခက်အခဲရှိသည့် ဝေးလံခေါင်သီသော ဒေသများတွင် သစ်တောပြုန်းတီးမှု၊ တရားမဝင်မိုင်းတွင်းများ တည်ရှိမှုတို့ကြောင့်လည်း မြေပြိုမှုများကို ပိုမိုဆိုးရွားစေလျက်ရှိသည်။
ပြီးခဲ့သော မေလအတွင်းက အနောက်ဆူမားတြားပြည်နယ်တွင် မိုးသည်းထန်ကာ ရေကြီးပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၅၀ ကျော် သေဆုံးခဲ့သည်။ ဧပြီလတွင်လည်း ဆူလာဝေဆီတောင်ပိုင်းတွင် မိုးကြီး၍မြေပြိုမှုကြောင့် ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။